ပင်မသပိတ်စစ်ကြောင်း

May 24, 2021

ပေါင်မြို့နယ်က ပင်မသပိတ်စစ်ကြောင်း ဆက်လက်ဆန္ဒပြ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ပင်မသပိတ်စစ်ကြောင်းဟာ ဒီကနေ့ မေလ ၂၄ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်း အကြမ်းဖက်ကောင်စီကို လမ်းလျှောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း နဲ့ စစ်ကျွန်တော် ပညာရေးမှာ ကျောင်းမတက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ပေါင်မြို့နယ်က ပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ‌လက်မခံနိုင်ကြောင်း သပိတ်မျိုးစုံ ပြုလုပ်ပြီး နေ့စဉ် ရက်ဆက် ဆန္ဒထုတ်ဖော်နေတာပါ။

6 months Ago

April 7, 2021

မြစ်ကြီးနားတွင် ပင်မသပိတ်စစ်ကြောင်း ဆက်လက်ချီတက်ဆန္ဒပြ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်တားဆီးပိတ်ပင်မှုတွေ အကြားက ဒေသခံပြည်သူတွေဟာ  စစ်အာဏာရှင်အလိုမရှိကြောင်း ဒီကနေ့ ဧပြီ ၇ ရက်နေ့မနက်မှာ  ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒထုတ်ဖော်တဲ့ ပင်မသပိတ်‌စစ်ကြောင်း ဖြိုခွင်းမခံရခင် အောင်မြင်စွာ ချီတက်နိုင်ခဲ့ကြတယ်လို့  သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

"ပင်မသပိတ်စစ်ကြောင်းက အေးမြသာယာဈေးနားထိ ချီတက်နိုင်ခဲ့ကြတယ်။ ဒီနေ့က အာဏာသိမ်းအုပ်စုဘက်က ဖြိုခွင်းမခံရခင် သပိတ်စစ်ကြောင်းကို လူစုခွဲနိုင်ကြတယ်။ ပြီးတော့ အရေးတော်ပုံမအောင်မချင်း ဆက်လက်ချီတက်သွားဖို့ရှိတယ်လို့" ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ အာဏာသိမ်းစစ်ကောင်စီဘက်က အကြမ်းဖက် ဖြိုခွင်းပစ်ခတ်လို့ သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ကချင်ပြည်နယ်တစ်ခုလုံးမှာ သေဆုံးသူပေါင်း ၇ ဦးခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

8 months Ago

Up