ပင်စင်စနစ်

January 11, 2020

ပင်စင်စနစ်ပြုပြင်ရေး အလုပ်သမားသမဂ္ဂနှင့်ဆွေးနွေးမှု တိုးတက်မှုရှိဟု ပြင်သစ်ဝန်ကြီးချုပ်ပြော

ပြင်သစ်အစိုးရရဲ့ ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အလုပ်သမားသမဂ္ဂနဲ့ ဆွေးနွေးပွဲတွေဟာ  တိုးတက်မှုရှိတယ်လို့ ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်က ဇန်နဝါရီ ၁၀ ရက်မှာ ပြောခဲ့ပါတယ်။ သမဂ္ဂတွေကို တိကျတဲ့ အဆိုပြုချက်တွေ မပေးခင် သူဟာ သမ္မတ  မာခွန်းနဲ့ ညှိနှိုင်းရေး အခြေအနေကို ဆွေးနွေးခဲ့တယ်လို့  ဝန်ကြီးချုပ် ဖိလစ်က ပြောပါတယ်။ ပင်စင် အဆိုပြုချက်တွေအတွက် ဘုံသဘောတူညီချက်ရဖို့ အလုပ်သမားသမဂ္ဂတွေနဲ့ နှစ်ဖက် ဆွေးနွေးပွဲတွေ ဆက်တိုက်ကျင်းပခဲ့ပေမယ့် ပင်စင်ယူနိုင်တဲ့ အသက်အရွယ်နဲ့ ပတ်သက်ပြီး  ပြဿနာတွေက ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ CFDT သမဂ္ဂ ခေါင်းဆောင်က ပြင်သစ်အစိုးရရဲ့  ပွိုင့်အခြေခံ ပင်စင်စနစ်သစ်ကို လက်ခံပေမယ့် ပင်စင်ယူနိုင်တဲ့ အသက်အရွယ် သတ်မှတ်ချက်ကို ကန့်ကွက်ခဲ့ ပါတယ်။   လက်ဝဲသမဂ္ဂတွေဖြစ်တဲ့ CGT နဲ့  FO အဖွဲ့တွေကတော့ ပင်စင်စနစ်သစ်ကို ကန့်ကွက်ဆဲ ဖြစ်ပြီး  ဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။ 
2 years Ago

January 8, 2020

ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေး ပြင်သစ်အစိုးရနှင့်အလုပ်သမားသမဂ္ဂ ဆွေးနွေး

ပြင်သစ်  ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က အစိုးရနဲ့ အလုပ်သမားသမဂ္ဂတို့ ညှိနှိုင်းဆွေးနွေးတာတွေ ပြန်စတင်ခဲ့ပါတယ်။  ပြင်သစ်နိုင်ငံတဝန်း ပင်စင်စနစ် ပြောင်းလဲရေးနဲ့ပတ်သက်လို့ ၃၄ ရက်ကြာ သပိတ်မှောက်ခဲ့ပြီး နိုင်ငံရဲ့ ပို့ဆောင်ရေးစနစ်ကို  ထိခိုက်စေခဲ့ပါတယ်။  ဆွေးနွေးပွဲမလုပ်ခင် ဝန်ကြီးချုပ် အက်ဒ်ဝပ်ဖိလစ်က ပျမ်းမျှပင်စင်ယူ အသက်အရွယ် ပြောင်းလဲရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောခဲ့ပါတယ်။ အလုပ်သမားသမဂ္ဂ  CFDT က ပင်စင်စနစ်ရဲ့ ဘဏ္ဍာရေးပိုင်း  ဆွေးနွေးဖို့ရာ ကွန်ဖရင့်လုပ်ဖို့ အကြံပြုခဲ့ပြီး အဲဒီအဆိုပြုချက်ကို ဝန်ကြီးချုပ် ဖိလစ်က ကြိုဆိုခဲ့တယ်လို့ RTL radio နဲ့  အင်တာဗျူးအတွင်း ဖိလစ်က ပြောခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ကတည်းက သပိတ်မှောက်နေတဲ့ ပြင်သစ်နိုင်ငံပိုင် ရထားလုပ်ငန်း ကုမ္ပဏီ SNCF မှာ လက်ဝဲဝါဒီများတဲ့ CGT သမဂ္ဂဟာ အကြီးဆုံး ဖြစ်ပါတယ်။ သမဂ္ဂခေါင်းဆောင် ဖိလစ်-မာတီးနပ်စ်က သမဂ္ဂနဲ့ အစိုးရအကြားက ကြီးမားတဲ့ ကွာခြားချက်တွေကို အဓိကထား ပြောခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
More News
Up