ပင်ဂွင်း

January 14, 2021

အန္တာတိကတိုက်မှ ပင်ဂွင်း မက္ကဆီကိုတွင် ပထမဆုံး မွေးဖွား

အဲလက်စ်လို့အမည်ရတဲ့  အန္တာတိကပင်ဂွင်းလေးကို မက္ကဆီကိုနိုင်ငံမှာ ပထမဆုံး မွေးဖွား ခဲ့ပါတယ်။  မက္ကစီကိုစီးတီးက အင်ဘူဆာငါးပြတိုက်မှာ ကိုယ်အလေးချိန် ၃ ပေါင်ခွဲ ရှိတဲ့ ပင်ဂွင်းလေး ကို  ဒီဇင်ဘာလအစောပိုင်းက မွေးဖွားခဲ့တာပါ။  ပင်ဂွင်းကောင်ရေထိန်းသိမ်းရေး ၅ နှစ်  ပရောဂျက်အရ  ဂန်ထူးမျိုးစိတ် ပင်ဂွင်း အဲလက်စ်ကို မွေးဖွားခဲ့တာဖြစ်ပြီး အဲလက်စ်ဟာ အန္တာတိကနဲ့ ဝေးကွာနေပေမဲ့ ငါးပြတိုက်ထဲက အခြေအနေကတော့ ပင်ဂွင်းတွေ သာသာယာယာနေလို့ ရအောင် အေးလှပါတယ်။  "စက်တင်ဘာလကုန်မှာ ပင်ဂွင်းအကောင်ဖောက်ဖို့ စပြင်ဆင်ပြီး  အောက်တိုဘာလ ကုန်မှာတော့ ပင်ဂွင်းဥတွေ ရောက်လာတယ်။ ပင်ဂွင်းဥကနေ အကောင်ပေါက်ဖို့  ၃၈ ရက် ကြာခဲ့တယ်"လို့လည်း အင်ဘူဆာ ငါးပြတိုက်ဝန်ထမ်းက ရှင်းပြပါတယ်။  ဒါကြောင့် အခုဆိုရင် အဲလက်စ်ဟာ တစ်လနဲ့ ငါးရက်သားဖြစ်ပြီး အလေးချိန် တစ်ကီလိုခွဲ ရှိတယ်လို့  တိရစ္ဆာန်ဆရာဝန်တစ်ဦးက ပြောပါတယ်။ 
4 months Ago

March 22, 2020

ကိုရိုနာကြောင့် ဧည့်သည်တွေမရှိချိန် ပင်ဂွင်းလေးများ ကွင်းဆင်းလေ့လာရေးထွက် (ရုပ်သံ)

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အခြေအနေတွေကြောင့် ချီကာဂိုမှာရှိတဲ့ Shedd ငါးပြတိုက်ကို ဝင်ရောက် ကြည့်ရှုခွင့်ပိတ်ထားပေမယ့် တိရစ္ဆာန်စောင့်ရှောက်ရေးဝန်ထမ်းတွေကတော့ အနား မရပါဘူး။  ဧည့်သည်တွေ မရှိချိန်မှာ ဝန်ထမ်းတွေက တိရစ္ဆာန်လေးတွေနဲ့ပတ်သက်ပြီး ဘယ်လိုထူးထူး ခြားခြား ဆောင်ရွက်လို့ရမလည်းဆိုတဲ့ အကြံဉာဏ်ကောင်းတွေ ထုတ်ဖို့အချိန်ရခဲ့ပြီး အကျိုးဆက် အနေနဲ့ ပြတိုက်ထဲက ပင်ဂွင်းငှက်တချို့ကို ကွင်းဆင်းလေ့လာရေးဆောင်ရွက်ပေးဖို့ အကြံဉာဏ်ရရှိ ခဲ့ပါတယ်။  ပင်ဂွင်းငှက်လေးတွေဟာ ပြတိုက်ထဲက နေရာစုံကို သွားလာခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။ မတ်လ ၁၆ ရက်အထိ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အနည်းဆုး ၈၃ ဦး ရှိ ခဲ့ပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်နဲ့ ပြည်သူ့ကျန်းမာရေးအေဂျင်စီတွေကပြောပါတယ်။ ဝါရှင်တန်ပြည်နယ်ဟာ အဆိုးရွားဆုံးဖြစ်ပြီးတော့ သေဆုံးသူအများဆုံးရှိခဲ့ကာ တနင်္လာနေ့ မှာလည်း နောက်ထပ် ခြောက်ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။ 
1 year Ago
Up