ပင့်ကူလူသားကလေးငယ်

February 10, 2017

ဂင်းနက်စ် ကမ္ဘာ့စံချိန်တင်ခဲ့သည့် ပါလက်စတိုင်းမှ ပင့်ကူလူသားကလေးငယ် (ရုပ်သံ)

ပါလက်စတိုင်းကလေးငယ်တဦးဟာ ခန္ဓာကိုယ်ကို တွန့်လိမ်ပုံသွင်းပြီး ပင့်ကူလူသားတဦးသဖွယ် အစွမ်းပြနိုင်ခဲ့တဲ့အတွက် ဂင်းနက်စ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပြီလို့ သူ့ကို သင်ကြားပေးတဲ့ သင်တန်းဆရာက ဖေဖော်ဝါရီ ၈ ရက်က ပြောပါတယ်။ အသက် ၁၃ နှစ်အရွယ် မိုဟာမက် အယ်လ်ရှိတ်ခ်ဟာ ဂါဇာဒေသမှဖြစ်ပြီး သူဟာ ခန္ဓာကိုယ်ကို ပျော့ပျော့ပြောင်းပြောင်းနဲ့ ပင့်ကူလူသားဇာတ်ကောင်လို တွန့်လိမ်ပုံသွင်းပြနိုင်တာကို တွေ့ရပါတယ်။ အချိန် ၁ မိနစ်အတွင်းမှာ သူဟာ ရင်ဘတ်ကို မှောက်လျက်သားအနေအထားနဲ့ ရှိနေကာ ခြေထောက်တွေကို ကျောပေါ်ကနေ ကွေးယူပြီး ဦးခေါင်းရှေ့ကို ဆွဲယူကာ ထောက်ပြီး သွားပြနိုင်ပါတယ်။ စီဂျီတီအဲန်သတင်းမှာ ဖော်ပြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခန္ဓ္ဓာကိုယ်ကို ကွေးညွှတ်ပြီး စားပွဲခုံ၊ ကုလားထိုင်၊ လှေကား၊ ကြမ်းပြင်၊ ဘားတန်း စတဲ့ နေရာအနှံ့ သွားလာနေထိုင်နိုင်တဲ့ စွမ်းရည်ပြသမှုတွေကို အံ့သြဖွယ် တွေ့မြင်ရပါတယ်။
4 years Ago
Up