ပင်လယ်ရေအောက်

July 12, 2018

ပင်လယ်ရေအောက် အင်တာနက်ကေဘယ်လိုင်း တည်ဆောက်ရန် လက်မှတ်ရေးထိုး

ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေဖြစ်ကြတဲ့ ပါပူဝါနယူးဂီနီနဲ့ ဆော်လမွန်ကျွန်းတွေမှာ ပင်လယ်ရေအောက် အင်တာနက်ကေဘယ်လိုင်း တည်ဆောက်ဖို့အတွက် သြစတြေးလျကုမ္ပဏီက တရုတ်အင်တာနက်ကုမ္ပဏီ ဟွာဝေးကိုကျော်ပြီး သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ သြစတြေးလျရဲ့ အိမ်နောက်ဖေးအဖြစ် ရှုမြင်ထားတဲ့ အဲဒီနိုင်ငံတွေမှာ တရုတ်က လွှမ်းမိုးဖို့ ဖိအားပေး ကြိုးပမ်းနေချိန် သြစတြေးလျနဲ့ အခုလို လက်မှတ်ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုသဘောတူညီချက်ဟာ သြစတြေးလျရဲ့ ပြည်တွင်းရေးကို တရုတ်က ဝင်ရောက်စွက်ဖက်နေတယ်လို့ သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးက မနှစ်က စွပ်စွဲပြောကြားခဲ့ပြီး သြစတြေးလျ-တရုတ် ဆက်ဆံရေး အဖုအထစ် ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။ အခုတည်ဆောက်မယ့် ပင်လယ်ရေအောက် အင်တာနက်လိုင်း စီမံကိန်းအတွက် သြစတြေးလျ အစိုးရက ကုန်ကျငွေစုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ငွေကြေးထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ဟွာဝေးကုမ္ပဏီနဲ့ တရုတ်အစိုးရတို့ရဲ့ ဆက်စပ်မှုနဲ့ ဟွာဝေးကုမ္ပဏီက တည်ဆောက်တဲ့ ပစ္စည်းတွေကို တခြားနိုင်ငံတွေအပေါ် စုံစမ်းထောက်လှမ်းနိုင်ဖွယ်ရှိမှု စတဲ့ အချက်တွေကို အနောက်နိုင်ငံက ထောက်လှမ်းရေး အေဂျင်စီတွေက စိုးရိမ်နေခဲ့ကြတယ်လို့လည်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

December 27, 2017

ပင်လယ်ရေအောက်ရှိ သတ္တဝါများ၏ ထူးခြားဆန်းပြား နေထိုင်သွားလာပုံများ (ဓာတ်ပုံ)

ပင်လယ်ရေအောက် ရေနက်ထဲမှာ သတ္တဝါလေးတွေရဲ့ ထူးခြာဆန်းပြားတဲ့ အပြုအမူတွေကို ဝါသနာရှင်တဦး ရိုက်ယူထားတဲ့ ဓာတ်ပုံလေးတွေ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ မာတီစနီဒါမန်ဆိုတဲ့ ဓာတ်ပုံဝါသနာရှင်ဟာ ရေအောက်မှာ သွားလာလှုပ်ရှားနေတဲ့ သတ္တဝါလေးတွေ၊ တခြားငါးတွေကို စားသောက်တတ်တဲ့ ရေသတ္တဝါတွေ၊ ပါးစပ်ထဲမှာ မျိုးအောင်တဲ့ဥတွေထည့်ပြီး စောင့်ရှောက်တတ်တဲ့ သတ္တဝါတွေ အစရှိတဲ့ ရေသတ္တဝါတွေကို လျှပ်တပြတ် ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့တာပါ။ ဒီလို အဆန်းတကြယ် ရေသတ္တဝါလေးတွေရဲ့ ပုံတွေကို ရဖို့ သူဟာ ငါးဖမ်းသမားတွေ၊ သိပ္ပံပညာရှင်တွေ၊ ဓာတ်ပုံဆရာတွေ၊ ဒေသခံ ရေငုပ်နည်းပြတွေနဲ့ အများကြီး ဆွေးနွေးခဲ့ရတယ်လို့ မာတီက ပြောပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ မာတီက “သမုဒ္ဒရာထဲမှာ ရှိနေရတာက သတ္တဝါလေးတွေနဲ့ ချက်စ်ကစားနေရသလိုပဲ” လို့ ပြောပါတယ်။ မာတီ ဒီလို ပင်လယ်သမုဒ္ဒရာထဲက ရေသတ္တဝါတွေကို စတင်စိတ်ဝင်စားလာတာ ၁၀ နှစ်သားအရွယ် ငါးမျှားခရီးထွက်စဉ်ကဖြစ်ပြီး အဲ့ဒီတုန်းက ငါးဖမ်းသမားတစုဟာ ငါးမန်းတကောင်ရဲ့ သတ်ဖြတ်ခံလိုက်ရတာကို သူ မျက်မြင်တွေ့လိုက်ရပါတယ်။ ဒီစိတ်မချမ်းမြေ့ဖွယ်ရာ အချိန်ကစလို့ မာတီဟာ ရေအောက်မှာရှိတဲ့ သတ္တဝါလေးတွေရဲ့ နေထိုင်ဖြတ်သန်းပုံတွေကို ထူးခြားဆန်းပြားပြီး အပြုသဘောဆွဲဆောင်တဲ့ အလှတရားဘက်ကနေပဲ မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - Caters News Agency  
4 years Ago
Up