ပင်လယ်ဖျံအုပ်ကို စုဝေးသတ်ဖြတ်(ရုပ်သံ)

April 21, 2018

အာဂျင်တီးနားကမ်းရိုးတန်းတွင် ဝေလငါးများက ပင်လယ်ဖျံအုပ်ကို စုဝေးသတ်ဖြတ်(ရုပ်သံ)

အာဂျင်တီးနားကျွန်းဆွယ် ဗယ်လ်ဒက်စ်၊ ပန်တာနိုတီသဘာဝ ထိန်းသိမ်းရေးဒေသမှာ ပင်လယ်ဖျံအုပ်ကို ဝေလငါးတွေက တိုက်ခိုက်နေတာတွေ့မြင်ရပြီး ဒီလိုတိုက်ခိုက်တဲ့ နည်းလမ်းက ကမ္ဘာ့အထူးခြားဆုံး သားကောင်လိုက်နည်းတွေထဲက တခုဖြစ်တယ်လို့ စီဂျီတီအန် သတင်းတပုဒ်က ဖော်ပြလိုက်ပါတယ်။ အော်ကာလို့ခေါ်တဲ့ အသားစားဝေလငါးကြီးတွေက ဒီရေတက်ချိန် သားကောင်တွေကို ဖမ်းဆီးဖို့ ရည်ရွယ်ချက်နဲ့ ကမ်းဘက်ကပ်ကူးခတ်လာတာကို ခရီးသွားတွေက မြင်ခဲ့ပြီး ပင်လယ်ဖျံပေါက်လေးတွေ ရေကူးသင်ချိန်ဖြစ်တဲ့ နှစ်တနှစ်ရဲ့ ဧပြီလနဲ့ မတ်လတိုင်း ဝေလငါးကြီးတွေက ဒီလို သားကောင်ဖမ်းလေ့ရှိတယ်လို့ သိရပါတယ်။
3 years Ago
Up