တရုတ်နိုင်ငံ၊ လျောင်နင်းခရိုင်ထဲအနီးပင်လယ်ပြင်မှာ ငါးဖမ်းသမားတဦးဟာ သင်္ဘောပေါ်ရှိနေစဉ်မှာ ရုတ်တရက် အစာအိမ်ပေါက်တဲ့ဝေဒနာခံစားခဲ့ရလို့ ကယ်ဆယ် ရေးအဖွဲ့တဖွဲ့က ရဟတ်ယာဉ်နဲ့ အရေးပေါ်ကယ်တင်ခဲ့ရပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ပြင်းပြင်းထန်ထန်တိုက်ခတ်နေတဲ့ လေထဲမှာ သ င်္ဘောပေါ်ကို ခက်ခက်ခဲခဲဆင်းပြီး အဲဒီလူကို ကယ်တင်ခဲ့တာ စီစီတီဗွီသတင်းမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖော်ပြပါတယ်။
လက်ရှိအချိန်မှာတော့ သူ့ကို သင်္ဘောပေါ်မှဆွဲတင်ပြီး ဆေးရုံကို အလျင်အမြန်ပို့ ဆောင်ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
7 years Ago