ပင်လယ်တွင်း မျောသွားသည့် ရေကူးသမားများကို ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်

A d v e r t i s e m e n t With Us

February 24, 2016

ပင်လယ်တွင်း မျောသွားသည့် ရေကူးသမားများကို ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင် (ရုပ်သံ)

ဟိုလီဝဲလ် ပင်လယ်အော်မှာ ရေစီးနဲ့ မျောပါသွားတဲ့ ရေကူးသမားအုပ်စုကို ဗြိတိန် ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။ ရေကူးသမား ၅ ဦး ရေစီးနဲ့ ပင်လယ်ထဲကို မျောပါသွားရာမှာ အဖွဲ့ဝင်တဦးက ကမ်းခြေကို ပြန်လည်ကူးခတ်နိုင်ခဲ့ပြီး အကူအညီ တောင်းခံနိုင်ခဲ့ပါတယ်။ ဒီနောက်မှာ သူကလည်း ကျန်နေတဲ့သူတွေကို ကယ်တင်ဖို့ ပင်လယ်ထဲကို ကူးခတ်ခဲ့ပါတယ်။ သူတို့ ၅ ဦးထဲက ၃ ဦး အကူအညီမလိုဘဲ လုံခြုံစိတ်ချတဲ့နေရာကို ရောက်ခဲ့ပေမယ့် ဆိုးဝါးတဲ့ လေကြောင့် ကျန် ၂ ဦးကတော့ ပင်လယ်ထဲမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၂ နာရီခွဲမှာ ကမ်းခြေစောင့်တပ်ဖွဲ့တွေကို သတင်းပေးခဲ့ပြီး ရဟတ်ယာဉ်နဲ့ ရှာဖွေ ကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရေထဲမှာ ရုန်းကန်နေရတဲ့သူ ၂ ဦးကို ရဟတ်ယာဉ်နဲ့ ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၅ ဦးစလုံးကို အခုတော့ ဆေးရုံတင်ထားပါတယ်။ ပင်လယ်မှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေ အများကြီးရှိတဲ့အတွက် ပင်လယ်ထဲကို မသွားခင် ၂ ခါလောက် စဉ်းစားဆင်ခြင်ဖို့ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
5 years Ago
Up