နယူးဇီလန်နိုင်ငံ ကမ်းရိုးတန်းမှာ ဇန်န၀ါရီ ၁၈ ရက်နေ့က ခရီးသည်တင် လှေတစီးဟာ ခုတ်မောင်းနေစဉ် မီးလောင်ကျွမ်းခဲ့လို့ လှေပေါ်ပါ ခရီးသည်တွေနဲ့ ၀န်ထမ်းတွေဟာ ရေထဲကို ခုန်ချထွက်ပြေးခဲ့ရတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အဲဒီ ခရီးသည်တင်လှေပေါ်မှာ ခရီးသည် စုစုပေါင်း ၅၃ ဦးနဲ့ အမှုထမ်း ၇ ဦး ပါဝင်ပြီး နယူးဇီလန် ကမ်းစောင့်တပ်က ရေထဲကလူတွေကို အရေးပေါ် ဆွဲတင်ကယ်ဆယ်နိုင်ဖို့ အကူအညီ ပေးခဲ့ကြတယ်လို့ နယူးဇီလန်အခြေစိုက် တီဗွီ-၃ ရုပ်မြင်သံကြားဌာနမှာ ဖော်ပြပါတယ်။
ခရီးသည်အများအပြားကို အသေးစား ထိခိုက်ဒဏ်ရာတွေနဲ့အတူ ဒေသတွင်း ဆေးရုံတခုကို ပို့ဆောင်ပေးခဲ့ရတာပါ။
အရှည် ၇၅ ပေရှိတဲ့ အဲဒီလှေပေါ်ပါ လူဦးရေစာရင်းကို စစ်ဆေးထားပြီးဖြစ်ကာ လှေကတော့ ရေထဲကို နစ်မြုပ်သွားခဲ့ပြီလို့ တီဗွီ-၃ ရုပ်မြင်သံကြားဌာနက ပြောပါတယ်။
7 years Ago