ပခုက္ကူ-ဂန့်ဂေါလမ်းတွင် တရားမဝင် ပိတောက်သစ်ခွဲသား တင်လာသည့်ကား တိမ်းမှောက်

July 31, 2017

ပခုက္ကူ-ဂန့်ဂေါလမ်းတွင် တရားမဝင် ပိတောက်သစ်ခွဲသား တင်လာသည့်ကား တိမ်းမှောက်

  ဇူလိုင် ၃၀ ရက်နေ့ မနက် ၃ နာရီ ၁၅ မိနစ်အချိန်လောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဇီးချိုင့်ကျေးရွာအနီး ယမားချောင်းအဆင်းမှာ ပိတောက်သစ်ခွဲသားတွေ သယ်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ ISUZU အမျိုးအစား YGN-7H/ 6284 နံပါတ်တပ်ဆင်ထားတဲ့ ၆ဘီးကားပေါ်မှာ တရားမဝင် ပိတောက်သစ်ခွဲသား ၂၃ တုံး ၂.၈၅၂၈ တန်၊ ကာလတန်ဖိုး ၇ သိန်းကျော်ရှိ သစ်ခွဲသားတွေ တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ယာဉ်မောင်းက ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ယာဉ်မောင်းနဲ့ ကားပေါ်ပါလာသူ၊ ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်း၊ ဘယ်ကနေ ဘယ်ကိုသယ်တယ် ဆိုတာ တွေကို အသေးစိတ်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့မရဲစခန်းက ရဲအုပ် သန်းဝင်အောင်က တရားလိုပြုလုပ်ကာ (ပ) ၁၆/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆားလင်းကြီးမြို့မရဲစခန်းသတင်းတွေအရ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ အခုဘဏ္ဍာနှစ်အတွင်း ဇူလိုင်လ ၂၃ ရက်နေ့အထိ တရားမဝင် သစ်တန်စုစုပေါင်း ၂၄၀၆.၉၂၅၆ တန်ဖမ်းဆီးရမိပြီးဖြစ်တယ်လို့ တိုင်းသစ်တောဦးစီးဌာနက သိရပါတယ်။  
4 years Ago
Up