ပခုက္ကူမြို့တွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပ (ဓာတ်ပုံ)

October 11, 2017

ပခုက္ကူမြို့တွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပ (ဓာတ်ပုံ)

အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီက ပခုက္ကူမြို့ လွတ်လပ်ရေးပန်းခြံမှာ ဘာသာပေါင်းစုံစုပေါင်းပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ ပခုက္ကူခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ဦးဌေးကိုကိုက “ဘာသာမတူပေမယ့် နိုင်ငံတခုတည်း တတိုင်းတည်း တမြို့နယ်တည်း အတူတကွ ချစ်ချစ်ကြည်ကြည် နေချင်ပါတယ်။ ကျနော်တို့ ပခုက္ကူမှာ အရင်ကလည်း ချစ်ချစ်ကြည်ကြည်နေခဲ့တယ်။ အခုလည်း ချစ်ချစ်ကြည်ကြည် နေနေတယ်။ နောင်ခါလည်း ချစ်ချစ်ကြည်ကြည် နေချင်တယ်”လို့ ပြောပါတယ်။
4 years Ago
Up