ပခုက္ကူမြို့တွင် ကျင်းပ (ဓာတ်ပုံ)

October 10, 2017

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ပခုက္ကူမြို့တွင် ကျင်းပ (ဓာတ်ပုံ)

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ အောက်တိုဘာ ၁၀ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ လူထုထောက်ခံပွဲ ကျင်းပခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ ဒေါ်အောင်ဆန်းကြည်ကို ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အင်အားတခုဖြစ်စေဖို့ ခုလိုအားပေး ထောက်ခံတာလို့ မြိုင်မြို့ကနေ လာရောက်ထောက်ခံသူတဦးက ပြောပါတယ်။ ဒီထောက်ခံပွဲကို ပခုက္ကူခရိုင်တွင်း မြို့နယ် ၅ မြို့နယ်က ပြည်သူတွေ တက်ရောက် ထောက်ခံခဲ့ပါတယ်။
4 years Ago
Up