ပခုက္ကူတွင် စေတနာ့ဝန်​ထမ်းကျောင်းသားများ၏ ဖုန်းနှင့်ငွေကြေးများခိုးယူခံရ

April 11, 2018

ပခုက္ကူတွင် စေတနာ့ဝန်​ထမ်းကျောင်းသားများ၏ ဖုန်းနှင့်ငွေကြေးများခိုးယူခံရ

  မကွေးတိုင်း ပခုက္ကူမြို့မှာ စာမတတ်​​မြောက်​သူ ပ​ပျောက်​​ရေးစီမံချက်​အတွက် ကူညီစာ သင်​ကြား​ပေးနေတဲ့ တက္ကသိုလ်​​ကျောင်းသား တချို့ရဲ့​လက်ကိုင်ဖုန်းနဲ့ ​ငွေကြေးတချို့ ခိုးယူ ခံခဲ့ရပါတယ်​။ ပခုက္ကူမြို့ အမှတ်​ ၅ ရပ်​ကွက်​ရှိ အမှတ်​ ၁၄၅ အ​ခြေခံပညာ မူလတန်းလွန်​​ကျောင်းမှာ အခိုးခံရတာဖြစ်​ပြီး ​စေတနာဝန်​ထမ်း စာသင်​​ပေး​နေတဲ့ ​ကျောင်းသား​တွေရဲ့ ဖုန်း ၉ လုံးနဲ့ ​ငွေ ၈၀၀၀၀ ကျော်​အခိုးခံခဲ့ရတာပါ။ ဒီအမှုနဲ့ပတ်သက်​ပြီး ပခုက္ကူမြို့ မြို့မရဲစခန်း တာဝန်​ရှိသူ​တွေအ​နေနဲ့ စုံစမ်း​ဖော်​ထုတ်​​နေ တယ်​လို့ စခန်​မှူး ဦးသိန်းစန်းဦးက​ပြောပါတယ်​။ သတင်း - မြင့်နိုင်
3 years Ago
Up