ပခုက္ကူခရိုင်

June 21, 2018

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးများဖမ်းမိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ရေနံမှော်ထဲမှာ    မူးယစ်ဆေးဝါးတွေ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ထံက သိရပါတယ်။ ဇွန်လ ၂၀ ရက် ညနေ ၄ နာရီလောက်က မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာဒေသခံ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပေါက်မြို့နယ် လယ်အိုကျေးရွာ၊ လယ်အို ရေနံမှော်အတွင်း တဲတစ်လုံးနဲ့ လက်ပံတို​ကျေးရွာက ​နေအိမ်​တစ်​အိမ်​မှာ ရှာဖွေဖမ်းမိခဲ့တာပါ​။ ​ခုလိုဖမ်းမိခဲ့ရာမှာ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၅၅ ပြား ဘိန်းဖြူလို့ ယူဆရတဲ့ အမှုန့် ၅၈ ကီလိုဂရမ်နဲ့ မူးယစ်ဆေးရောင်းရငွေ တစ်သိန်းကျော်နဲ့ အတူ မူးယစ်ဆေးသုံးရာမှာ အသုံးပြုလေ့ရှိတဲ့ ပစ္စည်းတချို့လဲ သိမ်းဆည်းခဲ့ပါတယ်။ ဒီမူးယစ်ဆေး ဖမ်းဆီးရမိမှုမှာ ကျူးလွန်သူလို့ ယူဆရသူ အမျိုးသား ​လေးဦးနဲ့ အမျိုးသမီး  တဦးတို့ကို သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။
3 years Ago
Up