ပခုက္ကူညသပိတ်

March 20, 2021

ပခုက္ကူညသပိတ်ကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖြိုခွင်း၊ ၁ ဦးသေဆုံးပြီး ၇ ဦး အဖမ်းခံရ

ပခုက္ကူမြို့မှာ မတ်လ ၁၉ ရက်နေ့ညက စစ်အာဏာရှင်ကျဆုံးရေးအတွက် ညသပိတ်ပြုလုပ်တာကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ဒဏ်ရာရ အမျိုးသမီး ၁ ယောက် သေဆုံးပြီး  ၇ ယောက်အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိတဲ့ မမာလာဝင်းဟာ မတ်လ ၂၀ ရက်နေ့မနက်ပိုင်းမှာ သေဆုံးခဲ့တာကြောင့် အလောင်းကို လာသယ်ဖို့ အကြောင်းကြားတာကြောင့်  နေအိမ်သယ်ယူခဲ့တယ်လို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူ မမာလာဝင်းဟာ အသက် ၃၈ နှစ်ဖြစ်ပြီးတော့ ပခုက္ကူမြို့အမှတ် (၁) ရပ်ကွက်မှာ နေထိုင်ကာ အသက် ၁၇ နှစ်နဲ့ ၁၅ နှစ်အရွယ် သမီး ၂ ယောက်နဲ့ အသက် ၁၀ နှစ်အရွယ် သားတစ်ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ မမာလာဝင်းရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာ အညိုမည်းဒဏ်ရာတွေနဲ့ ပေါင်ရိုးကျိုးထားတာ တွေ့ရှိရပြီး မတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

9 months Ago
Up