ပက်ဖျန်း

May 31, 2020

အိမ်ဖြူတော်ရှေ့ ဆန္ဒပြသူများကို ငရုတ်ရည်နှင့်ပက်ဖျန်း နှိမ်နင်း

လူမည်း ဂျော့လလွိုက်သေဆုံးမှုအတွက် မေ ၃၀ ရက်ညက အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို ငရုတ်ရည်တွေနဲ့ ပက်ဖျန်းနှိမ်နင်းခဲ့ပါတယ်။  ဆန္ဒပြသူဦးရေ ၁၀၀၀ ကျော်လာတဲ့အခါ ရဲနဲ့ရုန်းဆန်ခတ်ဖြစ်မှုတွေလည်း ဖြစ်လေပါတယ်။  ရိုက်တာရဲ့ ဗွီဒီယိုင်ထဲမှာ ဒိုင်းကိုင်ထားတဲ့ ရဲကရှေ့တက်လာတဲ့ အမျိုးသမီး နှစ်ဦးကို ဒိုင်းနဲ့ တွန်းထုတ်တာ တွေ့ရသလို အနားကပ်လာတဲ့သူတွေကို နံပါတ်တုတ်နဲ့ရိုက်တာလည်း တွေ့ရ ပါတယ်။  ရဲတပ်ဖွဲ့ဟာ အိမ်ဖြူတော်ရှေ့လုံခြုံရေးကို အရင်နေ့ကထက် နှစ်ဆအားဖြည့်ပြီး ပိတ်ဆို့ စောင့်ကြည့်နေပါတယ်။  ဆန္ဒပြသူတွေက ဂျော့ဖလွိုက်ရဲ့ နောက်ဆုံးစကားဖြစ်တဲ့ “ကျနော် အသက်မရှုနိုင်တော့ဘူး” ဆိုတာကို ကြွေးကြော်ခဲ့ပြီး ရဲနဲ့သူတို့ ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ ရဲဘက်က ငရုတ်ရည်နဲ့ ပက်ဖျန်းခဲ့တာပါ။  နောက် ၁ နာရီခွဲကြာတော့ ဆန္ဒပြသူတွေ ထပ်တိုးလာသလို ရဲကလည်း ဆန္ဒပြသူတွေကို ငရုတ်ရည်နဲ့ဖျန်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up