နှေးကွေ

A d v e r t i s e m e n t With Us

April 2, 2020

အိုဇေးလ်ကစားပုံကြောင့် အာဆင်နယ်ကစားကွက် နှေးကွေးဟု အာရှာဗင်ဝေဖန် 

ကွင်းလယ်လူ အိုဇေးလ်ဟာ အာဆင်နယ်ရဲ့ ကစားပုံကို နှေးကွေးအောင်လုပ်သူဖြစ်တယ်လို့ ကစားသမားဟောင်းအာရှာဗင်က ဝေဖန်လိုက်ပါတယ်။  အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ဟာ အခုနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ၂၃ ပွဲကစားထားပြီး ၁ ဂိုးသွင်း၊ ၃ ကြိမ် ဖန်တီးမှုသာပြုလုပ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ ၄ နှစ်ကြာ ကစားခဲ့တဲ့ ကစားသမားဟောင်း အာရှာဗင်ကတော့ ပုဂ္ဂိုလ်ရေးအရ အိုဇေးလ်ကို လေးစားမူရှိပြီး ကမ္ဘာ့အဆင့် ကစားသမားတဦးဖြစ်ပေမဲ့ သူ့ရဲ့ကစားပုံက အာဆင်နယ်ရဲ့ ကစားပုံကို နှေးသွားစေတယ်လို့ သုံးသပ်ပါတယ်။  အိုဇေးလ်ရဲ့နေရာမှာ တခြားကစားသမားတဦးကို အသုံးပြုတာက နည်းပြ မီခေးလ် အာတီတာအတွက် အဆင်ပြေလိမ့်မယ်လို့လည်း အာရှာဗင်က ပြောပါတယ်။ အိုဇေးလ်အနေနဲ့ အာဆင်နယ်အသင်းမှာ ဆက်ရှိဖို့လည်း ခက်ခဲနိုင်ပြီး သူ့ရဲ့အနာဂတ်က အသင်းမှာ ကြာရှည်စွာ မရှိနိုင်ဘူးလို့လည် အာရှာဗင်ကပြောပါတယ်။  အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းနဲ့ကစားပုံက ကောင်းမွန်ပေမဲ့ ခံစစ်ပိုင်းအားနည်းတဲ့အတွက် အသင်းက ဟန်ချက်မညီဘဲ ဖြစ်နေတယ်လို့လည်း အာရှာဗင်က သုံးသပ်သွားခဲ့ပါတယ်။
11 months Ago
Up