နှုတ်ခွန်းဆက်

May 17, 2020

နော်ဝေ သံအမတ်ကြီးနှင့် နော်ဝေကလေးများ၏ နှုတ်ခွန်းဆက် (ရုပ်သံ)

ဒီနေ့ မေလ ၁၇ ရက်‌နေ့ဟာ  နော်ဝေနိုင်ငံရဲ့ အမျိုးသားနေ့ ဖြစ်ပါတယ်။ ၁၈၁၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ နော်ဝေနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသားနေ့အဖြစ် နှစ်စဉ်ကျင်းပတာ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံ လွတ်လပ်ရေးမရခင် နှစ်ပေါင်း ၉၀ ကတည်းက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး နော်ဝေပြည်သူတွေက သူတို့ထားရှိတဲ့ တန်ဖိုးတွေနဲ့ ဖြစ်ချင်တဲ့ လူ့အသိုက်အဝန်းပုံစံကို မျှော်မှန်းထည့်သွင်းရေးဆွဲထားပြီး ဒါတွေကို ထင်ဟပ်စေဖို့ ဖွဲ့စည်းပုံကို အကြိမ်ပေါင်း ၃၀၀ ပြင်ဆင်ခဲ့တယ်လို့ သံအမတ်ကြီး မစ္စက်တိုနာတေးနတ်စ်က ပြောပါတယ်။ နော်ဝေအမျိုးသားနေ့ကို ဘာကြောင့်၊ ဘယ်လို ကျင်းပတယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီးနဲ့ နော်ဝေနိုင်ငံက ကလေးတွေက  နှုတ်ခွန်းဆက်စကား ပြောကြားထားတာကို ရုပ်သံ ဗွီဒီယိုမှာ  ကြည့်ရှုနိုင်ပါတယ်။
1 year Ago
Up