နှိမ်ချ

November 22, 2020

ရလဒ်ကောင်းရပေမဲ့   နှိမ်ချတတ်ရန်လိုဟု ဖရန့်လမ်းပတ်ပြော

ချဲလ်ဆီးအသင်း ရလဒ်ကောင်းရနေပေမဲ့ နှိမ်ချတက်ဖို့ လိုအပ်တယ်လို့ အသင်းနည်းပြ ဖရန့်လမ်းပတ်က ပြောပါတယ်။  နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့အပြီးမှာ နည်းပြလမ်းပတ်က သုံးသပ်ခဲ့တာပါ။  ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ခဲ့ပေမဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး စပါးအသင်းပွဲစဉ် မတိုင်ခင်တုန်းက အမှတ်ပေးဇယားထိပ်ဆုံးကို ခေတ္တရောက်ရှိခဲ့ပေမဲ့ ၅ မိနစ် လောက်ကြာရင်ပဲ ရပ်တည်မှု ပြောင်းလဲမှာဖြစ်လို့ စိတ်လူပ်ရှားစရာမရှိကြောင်း လမ်းပတ်က ပြောပါတယ်။  ရလဒ်ကောင်းမွန်နေချိန်မှာ ကစားသမားတွေဘက်က နှိမ်ချတက်ဖို့ လိုအပ်ပြီး ပရီးမီးယား လိဂ်က ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီးတခုဖြစ်တယ်လို့ နည်းပြလမ်းက ပြောပါတယ်။
5 months Ago
Up