ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ “နှာခေါင်းစည်း မတပ်ရေး” ဆန္ဒပြပွဲကို သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက “လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုအောင်ပွဲ” ဆိုတဲ့ ခေါင်းစည်းအောက်မှာ ချီတက်ပြီး ဂျာမန်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အစီအမံတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသလို တန်ပြန်ဆန္ဒပြသူတွေကလည်း ဆန္ဒပြပွဲတွေကို အပြိုင်ပြုလုပ်ခဲ့ပါတယ်။
နှာခေါင်းစည်းမတပ်ရေး ဆန္ဒပြပွဲဟာ ငြိမ်းချမ်းစွာပြီးဆုံးခဲ့ပြီး ပါဝင်သူ နှစ်ထောင်လောက် ရှိတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
ဂျာမနီနိုင်ငံမှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နှစ်သိန်းကျော်ရှိပြီး သေဆုံးသူ ကိုးထောင့်နှစ်ရာကျော်ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရပါတယ်။
2 years Ago