နှာခေါင်းစည်းအတု

A d v e r t i s e m e n t With Us

March 9, 2020

နှာခေါင်းစည်းအတု ထုတ်လုပ်ရောင်းချသူများကို အင်ဒိုနီးရှားရဲက စီးနင်းရှာဖွေ အရေးယူ

ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်ရာ ဘာလီကျွန်းမှာ နှာခေါင်းစည်းအတုတွေ ရောင်းချသူတွေနဲ့ ပစ္စည်းလှောင်ပြီး ဈေးတင်တဲ့သူတွေကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မတ် ၈ ရက်က ရှာဖွေ ဖမ်းဆီး အရေးယူလိုက်ပါတယ်။ အာဏာပိုင်တွေက ဆေးကုမ္ပဏီတွေ၊ ဖြန့်ဖြူးရောင်းချသူတွေနဲ့ ကုန်လှောင်ရုံတွေကို စစ်ဆေးပြီး ဆေးဘက်သုံး နှာခေါင်းစည်းတွေ ဈေးတင်ရောင်းချတာ  ရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။ မြို့တော် ဂျာကာတာမှာလည်း နှာခေါင်းစည်းအတုတွေကို ထုတ်လုပ်နေတဲ့ ယာယီစက်ရုံတွေကို ဖမ်းဆီးဖို့ သီးခြား စီးနင်းရှာဖွေတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ၅ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၄ ယောက် ရှိတယ်လို့ အစိုးရက ကြေညာတာကြောင့် ပြည်သူတွေက စိုးရိမ်ပြီး လက်ဆေးရည်၊ ဆပ်ပြာနဲ့ နှာခေါင်းစည်းတွေ ဝယ်နေကြတာပါ။ ဒါကြောင့် ကုန်စည်တွေ သိုလှောင်ပြီး ဈေးတင်ရောင်းသူတွေနဲ့ နှာခေါင်းစည်း အတုတွေ ထုတ်လုပ်သူတွေကို ရဲတွေက ရှာဖွေ ဖမ်းဆီးနေတာပါ။
12 months Ago
Up