နှာခေါင်းစည်း

December 24, 2020

အယုဒ္ဓယ ကျောင်းတကျောင်းတွင် ခရစ္စမတ်နေ့ကျင်းပ၊ ဆင်များက နှာခေါင်းစည်းများ ဝေငှ

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်က ကျောင်းတကျောင်းမှာ ခရစ္စမတ်နေ့ကို ဒီဇင်ဘာ ၂၃ ရက်က ကျင်းပခဲ့ပြီး ဆင်တွေက ခရစ္စမတ် ဖိုးဖိုးဦးထုပ်နဲ့ ပါးစပ်နှာခေါင်းစည်း ဝတ်ပြီး မူလတန်း ကျောင်းသားတွေကို နှာခေါင်းစည်းတွေ ဝေပေးခဲ့ပါတယ်။ ဆင်ဦးစီး လေးယောက်က ခရစ္ဏမတ် ဖိုးဖိုးလို ဝတ်ဆင်ပြီး ခရစ္ဏမတ် ဦးထုပ်တွေ ဆောင်း ထားတဲ့ ဆင်တွေနဲ့အတူ ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းသတိထားမိအောင် လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ခင် နှစ်တွေက ဒီဆင်တွေနဲ့ ဆင်ဦးစီးတွေဟာ ခရစ္ဏမတ်အကြို လှုပ်ရှားမှုအနေနဲ့ သကြားလုံးတွေကစလို့ ခရစ္စမတ် လက်ဆောင်ပစ္စည်းတွေကို ကျောင်းပတ်လည်မှာ လိုက်ဝေလေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ ကျောင်းပေါက်ဝထဲကို အလာမခံတာကြောင့် ဝမ်းနည်းတယ်လို့ ၁၂ နှစ်အရွယ် ကျောင်းသားတယောက်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၂၃ ရက်က တရက်တည်းမှာ မတူတဲ့ ခရိုင်တွေကနေ ပြည်တွင်းကူးစက်ခံ ၃၉ ယောက်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး နိုင်ငံခြားပြန် ကူးစက်ခံတွေနဲ့ ပေါင်းရင် စုစုပေါင်း ကူးစက်ခံအသစ် ၄၆ ယောက်ကို စစ်ဆေးတွေ့ရှိထားပါတယ်။
4 months Ago

October 18, 2020

ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံမှဝယ်ယူသည့် နှာခေါင်းစည်းများ ရောက်ရှိ

လာမယ့်ရွေးကောက်ပွဲမှာ သုံးဖို့အတွက် တရုတ်နိုင်ငံဆီက ဝယ်ယူထားတဲ့ နှာခေါင်းစည်းတွေ မနေ့က ရောက်လာတယ်လို့ အစိုးရပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ KN95 Mask ပုံး ၂၅၀၊ အရေအတွက် သုံးသိန်းဟာ မနေ့ မနက်ပိုင်းက  China Southern Airline လေကြောင်းခရီးစဉ်နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီကို ပထမအသုတ်အဖြစ် ရောက်လာတာပါ။ ဒါတွေဟာ လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ၊ မဲရုံ တာဝန်ကျဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဖြန့်ဝေဖို့ ဝယ်ယူထားတာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ လာမယ့်ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံဆီကနေ KN95 Mask တွေ၊ PPE Medical Protective Clothing တွေ၊ Medical Cap တွေနဲ့ Goggles တွေကို တရုတ်နိုင်ငံကနေ ဝယ်ယူထားပါတယ်။ ဒီပစ္စည်းတွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကတဆင့် အောက်တိုဘာ ၁၈ ရက်ကနေ နိုဝင်ဘာ ၃ ရက် အထိ အထူးလေယာဉ်တွေနဲ့ ဆက်လက် ရောက်လာမယ်လို့လည်း ဆိုပါတယ်။ Photo : Myanmaalinn
6 months Ago
More News
Up