နှစ် ၈၀ ပြည့် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

September 9, 2019

နှစ် ၈၀ ပြည့် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

မြန်မာလွတ်လပ်ရေးရဲ့ မီးရှူးတန်ဆောင် အာရှနေဝန်းလို့ တင်သစားခေါ်ဝေါ်ထားတဲ့ ဆရာတော် ဦးဥတ္တမရဲ့ နှစ် ၈၀ ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ ရခိုင်ပြည်နယ် ဓမ္မာရုံမှာ ကျင်းပနေပါတယ်။ ဆရာတော် ဦးဥတ္တမကိုတော့ ၁၈၇၉ ခုနှစ် ဒီဇင်ဘာလမှာ ခမည်းတော် ဦးစံမြ၊ မယ်တော် ဒေါ်အောင်ကြွဖြူတို့က မွေးဖွားခဲ့ပါတယ်။ ဆရာတော်ရဲ့ ငယ်အမည်မှာ မောင်ပေါ်ထွန်းအောင်ဖြစ်ပြီး အင်္ဂလိပ်၊ ဂျပန်၊ ပါဠိ-သက္က၊ ဘင်္ဂါလီ၊ နာဂရီ၊ ဟိန္နူ၊ ပြင်သစ်၊ အီတလီနဲ့ တိဘတ် ဘာသာစကားတွေ တက်မြောက်ထားပါတယ်။ ဆရာတော် ဦးဥတ္တမဟာ ဥရောပခရီးစဉ် အခန်းဆက်ဆောင်းပါး တရုတ်ပြည် ခရီးစဉ်ဆောင်းပါးနဲ့ ဂျပန်ပြည် အတ္ထုပတ္တိ စတဲ့ စာပေတို့ကို ရေးသားခဲ့ပြီး ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့ပါတယ်။ ဆရာတော်ဟာ ဗြိတိသျှဆန့်ကျင်ရေးလှုပ်ရှားမှု ဟောပြောလှုံ့ဆော်မှုကြောင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ်ကျခံခဲ့ရပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။
ႏွစ္ ၈၀ ျပည့္ ဆရာေတာ္ ဦးဥတၱမေန႔ ေအာက္ေမ့ဖြယ္အခမ္းအနား က်င္းပ သူဇာလင္း ျမန္မာလြတ္လပ္ေရးရဲ႕ မီးရွဴးတန္ေဆာင္ အာရွေနဝန္းလို႔ တင္သစားေခၚေဝၚထားတဲ့ ဆရာေတာ္ ဦးဥတၱမရဲ႕ ႏွစ္ ၈၀ ျပည့္ ေအာက္ေမ့ဖြယ္ အထိမ္းအမွတ္အခမ္းအနားကို စက္တင္ဘာလ ၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ရခိုင္ျပည္နယ္ ဓမၼာ႐ုံမွာ က်င္းပေနပါတယ္။ ဆရာေတာ္ ဦးဥတၱမကိုေတာ့ ၁၈၇၉ ခုႏွစ္ ဒီဇင္ဘာလမွာ ခမည္းေတာ္ ဦးစံျမ၊ မယ္ေတာ္ ေဒၚေအာင္ႂကြျဖဴတို႔က ေမြးဖြားခဲ့ပါတယ္။ ဆရာေတာ္ရဲ႕ ငယ္အမည္မွာ ေမာင္ေပၚထြန္းေအာင္ျဖစ္ၿပီး အဂၤလိပ္၊ ဂ်ပန္၊ ပါဠိ-သကၠ၊ ဘဂၤါလီ၊ နာဂရီ၊ ဟိႏၷဴ၊ ျပင္သစ္၊ အီတလီနဲ႔ တိဘတ္ ဘာသာစကားေတြ တက္ေျမာက္ထားပါတယ္။ ဆရာေတာ္ ဦးဥတၱမဟာ ဥေရာပခရီးစဥ္ အခန္းဆက္ေဆာင္းပါး တ႐ုတ္ျပည္ ခရီးစဥ္ေဆာင္းပါးနဲ႔ ဂ်ပန္ျပည္ အတၳဳပတၱိ စတဲ့ စာေပတို႔ကို ေရးသားခဲ့ၿပီး ကမာၻအႏွံ႔ လွည့္လည္သြားလာခဲ့ပါတယ္။ ဆရာေတာ္ဟာ ၿဗိတိသွ်ဆန႔္က်င္ေရးလႈပ္ရွားမႈ ေဟာေျပာလႈံ႕ေဆာ္မႈေၾကာင့္ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္က်ခံခဲ့ရၿပီး ၁၉၃၉ ခုႏွစ္ စက္တင္ဘာလ ၉ ရက္ေန႔မွာ ပ်ံလြန္ေတာ္မူခဲ့ပါတယ္။
2 years Ago
Up