နှစ် ၈၀ ပြည့်ပွဲ

May 27, 2020

ပြင်သစ်ကမ်းခြေမှ မဟာမိတ်တပ်များကို ကယ်ဆယ်ခဲ့သည့် နှစ် ၈၀ ပြည့်ပွဲ ဗြိတိန်တွင် ကျင်းပမည်   

ပြင်သစ်နိုင်ငံ ဒန်းခါ့ခ်ကမ်းခြေတွေကနေ  မဟာမိတ်တပ်တွေကို  ကယ်ဆယ်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ပြည့်အထိမ်းအမှတ် ဒီသီတင်းပတ်အတွင်း ဗြိတိန်မှာ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပသွားဖို့ရှိပါတယ်။ ၁၉၄၀ ပြည့်နှစ်  မေလ ၂၆  ရက်နဲ့  ဇွန်လ ၄  ရက်အတွင်းမှာ ဗြိတိန် တော်ဝင်ရေတပ်ဟာ အရေအတွက် ထောင်ချီတဲ့ အရပ်သား သင်္ဘောတွေနဲ့အတူ  မဟာမိတ်တပ်တွေကို ကယ်ဆယ်ဖို့ ထွက်ခွာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ဒန်းခါ့ခ် ကမ်းခြေတွေမှာ ဂျာမန်တပ်တွေ ဝိုင်းလာချိန် ပိတ်မိနေတဲ့ ဗြိတိန်နဲ့ ပြင်သစ် တပ်ဖွဲ့ဝင် ၅ သိန်းနီးပါးကို တော်ဝင်ရေတပ်က သွားရောက် ကယ်ဆယ်ဖို့  ရဲဝင့်စွန့်စား  ကြိုးပမ်းခဲ့တာပါ။ ဗြိတိန် တော်ဝင်လေတပ်က ရန်သူဂျာမန်တပ်တွေကို လေကြောင်းကနေ ဗုံးကြဲနေချိန်မှာ  ဝန်ကြီးချုပ် ဝင်စတန်ချာချီက ပုံစံအရွယ်အစားမျိုးစုံပါဝင်တဲ့ အရပ်ဘက်သင်္ဘောတွေကို ခေါ်ယူပြီး ပြင်သစ်နိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ ကြုံသလို ဆောက်ထားတဲ့သင်္ဘောတွေနဲ့ ကသောင်းကနင်းနိုင်တဲ့ စစ်ဆင်ရေးကြောင့်ပဲ စုစုပေါင်း မဟာမိတ် စစ်သည် ၃၃၈,၀၀၀ ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီလိုကယ်ဆယ်ရာမှာ  ကမ်းခြေတွေပေါ် ကျန်ရစ်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ စစ်သားတွေ လွတ်မြောက်ဖို့ ကြိုးပမ်းရင်း အသက်သေဆုံးခဲ့ရ သူတွေအတွက် ဒီသီတင်းပတ်အတွင်း ဗြိတိန်မှာ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပသွားမှာပါ။ ဒါပေမဲ့လည်း ဒီအထိမ်းအမှတ် အခမ်းအနားဟာ ဗြိတိန်နဲ့ ပြင်သစ် နှစ်နိုင်ငံစလုံးမှာ လူပေါင်းထောင်ချီ သေဆုံးခဲ့ရတဲ့  ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နှုတ်ဆိတ် ဆွံအနေမယ်လို့ မျှော်လင့်ရကြောင်း  ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
1 year Ago
Up