နှစ် ၇၀ ပြည့်

A d v e r t i s e m e n t With Us

June 26, 2020

ကိုရီးယားစစ်ပွဲစတင်သည့် နှစ် ၇၀ ပြည့်အခမ်းအနား မွန်ဂျေအင်း တက်ရောက်

ကိုရီးယားကျွန်းဆွယ်စစ်ပွဲ စတင်ခြင်း  အနှစ် ၇၀ ပြည့်အခမ်းအနားကို ဇွန် ၂၅ ရက်က  တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း တက်ရောက်ခဲ့ပါတယ်။   ၁၉၅၀-၁၉၅၃ ကျွန်းဆွယ်စစ်ပွဲဟာ ငြိမ်းချမ်းရေးစာချုပ်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး နဲ့ပြီးဆုံးခဲ့တာမို့ သဘောတရားအရဆိုရင် အမေရိကန်ဦးဆောင်တဲ့ ကုလတပ်ဖွဲ့တွေနဲ့ မြောက်ကိုရီးယားဟာ စစ်ဖြစ်နေဆဲ ဖြစ်ပါတယ်။   တောင်ကိုရီးယားသမ္မတမွန်က တောင်ကိုရီးယားစစ်တပ်ဟာ ဘယ်လိုခြိမ်းခြောက်မှုမျိုး အတွက်မဆို အသင့်ရှိနေပေမဲ့ အစိုးရအနေနဲ့ မြောက်ကိုရီးယားအပေါ် နိုင်ငံရေး၊ စီးပွားရေး နည်းလမ်းတွေနဲ့ အင်အားသုံးဖို့ ဆန္ဒမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။   ဒါ့အပြင် ကိုရီးယားစစ်ပွဲအတွင်းက ကျဆုံးခဲ့တဲ့ တောင်ကိုရီးယားစစ်သည် ရုပ်ကြွင်း ၁၄၇ ခုကို အမေရိကန်စစ်တပ် ပြန်ယူဆောင်တဲ့ အခမ်းအနားကိုလည်း သမ္မတမွန် တက်ရောက်ခဲ့ပါတယ်။  ဒီရုပ်ကြွင်းတွေဟာ ၁၉၉၀ ဝန်းကျင် စစ်ဆင်ရေးအတွင်း မြောက်ကိုရီးယားမှာ ကျဆုံးခဲ့သူ တွေရဲ့ ရုပ်ကြွင်းတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
7 months Ago

November 30, 2019

နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည့် NATO အဖွဲ့ 

၁၉၄၉ ခုနှစ်မှာ စတင်ဖြစ်တည်ခဲ့တဲ့  မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) ဟာ နိုဝင်ဘာ ၂၉ ရက်မှာ နှစ်ပေါင်း ၇၀ တင်းတင်းပြည့်ခဲ့ပါပြီ။    နေတိုးအဖွဲ့ကို ဆိုဗီယက်ပြည်ထောင်စုရန် ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့  ပထမဆုံး ဖွဲ့စည်းခဲ့တာပါ။    အဖွဲ့ဝင် ၂၆ နိုင်ငံ ပါဝင်တဲ့ ဒေသတွင်း ကာကွယ်ရေးမဟာမိတ်ဟာ စာချုပ်အပိုဒ် ၉ မှာ ဖော်ပြတဲ့ စုပေါင်းလုံခြုံရေးယူတဲ့ နည်းလမ်းနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တည်ငြိမ်ရေး၊ သာယာဝပြောရေးနဲ့  လွတ်လပ်ရေး ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပါတယ်။   လက်ရှိအချိန်မှာ နေတိုးအဖွဲ့ဝင် နိုင်ငံပေါင်း  ၂၆ နိုင်ငံရှိပေမယ့် ကနဦးမှာ ၁၂ နိုင်ငံကပဲ လက်မှတ်ရေးထိုးခဲ့ပါတယ်။   နေတိုးအဖွဲ့ဝင် အဓိကနိုင်ငံတွေကတော့ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေ ပါဝင်ပြီး ဌာနချုပ်ကိုတော့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဖွင့်လှစ်ထားပါတယ်။ ခေတ်သစ်နေတိုးအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့  အကြမ်းဖက်မှုနဲ့ ပုံစံသစ် စစ်ပွဲတွေလို ဒေသတွင်း ဖြစ်ပေါ်လာမယ့် လုံခြုံရေးခြိမ်းခြောက်မှုသစ်တွေကို ကိုင်တွယ်ဖြေရှင်းသွားဖို့ ဖြစ်တယ်လို့   ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up