နှစ် ၂၀၀၀ သက်တမ်းရှိ

October 3, 2019

နှစ် ၂၀၀၀ သက်တမ်းရှိ ပရပိုက်စာကို x-ray ရောင်ခြည်သုံးပြီး ဖတ်ရှုရန် ကြိုးပမ်း

နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိပြီး   ကြေမွလွယ်တဲ့ ပရပိုက်စာတခုကို ဗြိတိန် သိပ္ပံပညာရှင်တွေက     x-ray ရောင်ခြည်သုံးပြီး ပုရပိုက်ပါ အကြောင်းအရာတွေကို ဖတ်ရှုဖို့ ကြိုးပမ်းနေပါတယ်။    ဟာကျူရီလန်နီယမ် ပြတိုက်ထဲက အကောင်းပကတိ ပုရပိုက်  နှစ်ခုနဲ့ အပိုင်းအစ လေး ခုဟာ ရှင်ကျန်နေတဲ့ တခုတည်းသော ရှေးဟောင်းပစ္စည်းဖြစ်ပါတယ်။  အဲဒီ ပုရပိုက်တွေဟာ  အေဒီ ၇၉ ခုနှစ် ဗာဆူးပီးယပ်စ်မီးတောင်  ပေါက်ကွဲမှုကြောင့် မီးကျွမ်းခဲ့တာပါ။ ဒါကြောင့်မို့ ပုရပိုက်တွေဟာ ဖွင့်ကြည့်လို့မရအောင်ကို  ထိရှလွယ်နေ ပါတယ်။ အဲဒီ ပုရပိုက်တွေကို  အောက်စဖို့ရှိုင်းယားက   သိပ္ပံသုတေသနစင်တာမှာ စစ်ဆေးခဲ့ပါတယ်။     အဲဒီလို  x-ray ရောင်ခြည်သုံး စစ်ဆေးရာမှာ  အီလက်ထရွန်တွေဟာ အလင်းသွားနှုန်း နီးပါးနဲ့   နေအလင်းရောင်ထက် အဆ ၁၀ ဘီလျံ ပိုမိုလင်းတဲ့ အလင်းကို  ထုတ်ပေးပါတယ်။  သိပ္ပံပညာရှင်တွေဟာ    x-ray ရောင်ခြည်သုံးပြီး  သေးငယ်လှတဲ့ အရာတွေကို မထိခိုက်စေဘဲ  လေ့လာနိုင်ပါတယ်။     ဒီအိုင်ဒီယာဟာ လူတယောက်ကို   CT scan ရိုက်သလိုမျိုး ဖြစ်တယ်လို့လည်း   သိပ္ပံပညာရှင် တဦးက ဆိုပါတယ်။     ဒီလုပ်ငန်းစဉ်ကနေရတဲ့ အချက်အလက်တွေကို  ကင်တပ်ကီ တက္ကသိုလ်သိပ္ပံပညာရှင်တွေက အဆင့်မြင့် ကွန်ပျူတာနည်းပညာအသုံးပြု  ခွဲခြမ်းစိတ်ဖြာပြီး ပုရပိုက်စာပါ အကြောင်းအရာတွေကို အဓိပ္ပာယ်ဖော်သွား မယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။
2 years Ago
Up