နှစ်ဦး ခေါ်ယူရန်

A d v e r t i s e m e n t With Us

December 30, 2019

ကွင်းလယ်ကစားသမား နှစ်ဦး ခေါ်ယူရန် မန်ယူနိုက်တက် ပြင်ဆင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နော်ဝေ လူငယ်တိုက်စစ်မှူး အာလင်းဘရွတ်ခ်ဟာလန်းကို မခေါ်ယူနိုင်တဲ့နောက်မှာတော့ ကွင်းလယ်ကစားသမား နှစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဟာလန်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား အဓိကပစ်မှတ်ထား ခေါ်ယူလိုတဲ့ ကစားသမား ဖြစ်နေခဲ့ပေမယ့် ပေါင် ၁၈ သန်းတည်းနဲ့ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။ လူငယ်ကစားသမားတဦးအတွက် အတွေ့အကြုံကောင်းတွေနဲ့ ပွဲထွက်ကစားခွင့်ရရှိရေး အာမခံချက်တခု ဖြစ်လာနိုင်စေမယ့် ဒေါ့မွန်အသင်းကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တပတ်လုပ်ခပေါင် ၁၃၀၀၀၀ ရရှိမယ်လို့ သိရပါတယ်။  ဟာလန်းကို ခေါ်ယူဖို့ လွဲချော်ပြီးနောက်မှာတော့ လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး မိုဆာဒမ်ဘီလီ၊ ဆဲလ်တစ် တိုက်စစ်မှူး အောဒ့်ဆုန်းအက်ဒ်ဝပ်၊ အက်သလက်တီကို ကွင်းလယ်က ဆာအူးလ်နီဂွစ်၊ စပါးကွင်းလယ်က ခရစ္စတီယန် အဲရစ်ခ်ဆင်၊ လက်စတာအသင်းက ဂျိမ်းစ်မက်ဒီဆင်တို့ကတော့ ဆိုးလ်ရှား စိတ်ကြိုက်ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။  လက်ရှိမှာတော့ ယူနိုက်တက်အနေနဲ့ ဈေးကြီးပေး ခေါ်ယူကမ်းလှမ်းခဲ့ပေမယ့် အေးဂျင့် ရွိုင်းအိုရဲ့ ကစားသမားဖြစ်တဲ့ ဟာလန်းကတော့ ဂျာမန်မြေကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူနိုက်တက် ပရိသတ်တွေကတော့ ဟာလန်းကို ခေါ်ယူနိုင်ခြင်းမရှိခဲ့တဲ့ အသင်းကို ဒေါသထွက်နေကြပြီး တွစ်တာစာမျက်နှာကနေတဆင့် ရေးသားထုတ်ဖော်ခဲ့ပါတယ်။
1 year Ago
Up