အာဂျင်တီးနား ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေဟာ လွန်ခဲ့တဲ့နှစ်သန်းကိုးဆယ်က ရှိခဲ့တဲ့ အသားစား ဒိုင်နိုဆောသတ္တဝါ ငယ်တကောင်ရဲ့ မျိုးစိတ်သစ်ကို ခြေရာခံတွေ့ရှိခဲ့ပါတယ်။
အသစ်တွေ့ရှိရတဲ့ ဒီဒိုင်နိုဆောကို Overoraptor chimentoi အိုဗာရိုရပ်ပတာ ချင်မင်တွိုင်းလို့ ခေါ်ဆိုပြီး အရှည် ၄ ဒဿမ ၉ လက်မခန့်နဲ့ ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ ရှည်လျားတဲ့ လက်မောင်းတွေ၊ ခြေထောက်တွေနဲ့ အတောင်ပံတွေပါတယ်လို့ ဆိုပါတယ်။
အသစ်တွေ့ရတဲ့ ဒီဒိုင်နိုဆောမျိုးစိတ်ဟာ velociraptor ဗေလိုစီရပ်ပတာ ဒိုင်နိုဆောနဲ့ အလားသဏ္ဌာန်တူပြီး အပြေးမြန်ပါတယ်။
ကျွမ်းကျင်သူတွေက ဒီရုပ်ကြွင်းတွေကို တွေ့ရှိရတာဟာ ငှက်တွေရဲ့ ဆင့်ကပြောင်းလဲ လာမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ လေ့လာရာမှာ အဓိကကျမယ်လို့ ယုံကြည်နေပါတယ်။
အာဂျင်တီးနားပညာရှင်တွေဟာ ဒီရုပ်ကြွင်းတွေကို နိုင်ငံတောင်ပိုင်း ရီယိုနီဂရိုးဒေသကနေ ရှာတွေ့ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago