နှစ်သစ်ကူးပွဲတော်

A d v e r t i s e m e n t With Us

April 15, 2020

တိတ်ဆိတ်နေသည့် သီရိလင်္ကာ နှစ်သစ်ကူးပွဲတော်

ကိုရိုနာဗိုင်းရပ်စ်ကြောင့်  သီရိလင်္ကာနိုင်ငံမှာ Lockdown ချပြီး နေအိမ်ကနေ အလုပ်လုပ်ဖို့ အမိန့်ကို ထုတ်ပြန်ထားတာမို့ ဧပြီ ၁၃ ရက်က ကျရောက်တဲ့ အကြီးဆုံးနှစ်သစ်ကူးပွဲတော် ကာလဟာ  ခြောက်ကပ်နေပါတယ်။  မြို့တော် ကိုလံဘိုမှာဆို ပုံမှန် စည်ကားတဲ့ လမ်းတွေ ခြောက်ကပ်နေသလို နှစ်သစ်ကူးမှာ မိသားစုဝင်တွေကို လက်ဆောင်ပေးတဲ့လူတွေနဲ့ ပြည့်နှက်နေတဲ့ ဆိုင်တွေကိုလည်း သီတင်းပတ်ချီ ပိတ်ထားပါတယ်။ ကောက်ရိတ်သိမ်းချိန် ကျင်းပတဲ့ ဒီနှစ်သစ်ကူးပွဲမှာ ပုံမှန်ဆိုရင် ၂၂ သန်းသော နိုင်ငံ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ပါဝင်ဆင်နွှဲကြတာပါ။ သန်းနဲ့ချီတဲ့ သီရိလင်္ကာပြည်သူတွေဟာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘုရားကျောင်းတွေဆီ သွားပြီး ဘာသာရေး အခမ်းအနားတွေမှာ ပါဝင်ဆင်နွှဲပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဗုဒ္ဓဘာသာဝင်တွေကို အိမ်ကနေပဲ ကောင်းမှုကုသိုလ်တွေ လုပ်ကြဖို့ မိန့်ကြားထားပါတယ်။ ဘုန်းတော်ကြီးတဦးကလည်း ကမ္ဘာတဝန်း COVID-19 ပျံ့နှံ့နေတာကြောင့် ဘာသာရေး အခမ်းအနားတွေ မလုပ်ဘူးလို့ မိန့်ကြားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၀ ကျော်ရှိပြီး သေဆုံးသူ ၇ ယောက် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်အရ သိရပါတယ်။
11 months Ago
Up