ဆယ်စုနှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ အီဂျစ်ရှေးဟောင်းပစ္စည်းတစ်ခုကို စကော့တလန် အဘာဒင်းတက္ကသိုလ်မှာရှိတဲ့ ဝန်ထမ်းတစ်ဦးက ဆေးပြင်းလိပ်သေတ္တာတစ်ခုထဲကနေ အခုလအတွင်းမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ရှာတွေ့ခဲ့တဲ့ပစ္စည်းဟာ နှစ်သက်တမ်း ၅၀၀၀ ရှိတဲ့ ယင်းသစ်အစ တစ်ခုဖြစ်ပြီး ဒါဟာ ဂစ်ဇာကဂရိတ် ပိရမစ်တွေတည်ဆောက်ရာမှာ အသုံးပြုခဲ့တာလို့ ယူဆရပါတယ်။
ဒီလိုမျိုးပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းအတွက် ဝမ်းမြောက်မိတယ်လို့ လက်ထောက်ပြတိုက်မှူး အဘီယာ အယ်လ်အဒါနီကပြောပါတယ်။
ဒီပစ္စည်းကို အင်ဂျင်နီယာ ဝန်မန်းဒီယွန်က ပိရမစ်ကို လေ့လာမှုပြုလုပ်ခဲ့တဲ့ ၁၈၇၂ ခုနှစ်မှာ တွေ့ရှိခဲ့တာကြောင့် ဒီယွန်ရဲ့အမွေလို့ အမည်ပေးထားပြီး ပျောက်မသွားခင် ၁၉၄၆ ခုနှစ်မှာ ပြတိုက်ကို လှူဒါန်းခဲ့တယ်လို့ ဘီဘီစီသတင်းမှာဖော်ပြပါတယ်။
ဂရိတ်ပိရမစ်ကတင် ထောင်စုနှစ်တစ်ဝက်စာ သက်တမ်းရှိတာကြောင့် ဒီရှေးဟောင်းပစ္စည်းရဲ့ သက်တမ်းအစစ်အမှန်ဟာ ပဟေဠိအဖြစ်ရှိနေဆဲပါ။
2 months Ago