နှစ်ရှည်

A d v e r t i s e m e n t With Us

December 18, 2019

လေယာဉ်ဗုံးခွဲရန် ကြံစည်သူ ညီအစ်ကိုနှစ်ဦးကို ဩစတြေးလျတရားရုံးက နှစ်ရှည် ထောင်ဒဏ်ချမှတ်

၂၀၁၇ ဇူလိုင်လတုန်းက ဆစ်ဒနီမြို့ကနေ အဘူဒါဘီမြို့ကို သွားမယ့် လေယာဉ်ကို ဗုံးဖောက်ခွဲဖို့ ကြံစည်မှုနဲ့ ညီအစ်ကိုနှစ်ဦးကို ဒီဇင်ဘာ ၁၇ ရက်မှာ သြစတြေးလျ တရားရုံးက ထောင်ဒဏ် နှစ်ရှည် ချမှတ်လိုက်ပါတယ်။ နယူးဆောက်သ်ဝေးပြည်နယ် တရားရုံးချုပ်က ခါလက်ခါယက်ကို အာမခံမဲ့ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့သလို မာမွတ်ခါယက်ကိုလည်း အာမခံရနိုင်ခြေမရှိတဲ့ ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခဲ့ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ အသားကြိတ်စက်ထဲ ဗုံးကို ဝှက်သယ်ပြီး လေယာဉ်ကို ဖောက်ခွဲဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ရဲတပ်ဖွဲ့က စီးနင်းမှုလုပ်ခဲ့ပြီး သူတို့နှစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့ အကြံအစည် တစိတ်တပိုင်းအဖြစ် တူရကီကနေ လေကြောင်းနဲ့ အဆင့်မြင့် ဖောက်ခွဲရေးပစ္စည်းတွေကို ပို့ခဲ့တယ်လို့  ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ဒါကြောင့် နယူးဆောက်သ်ဝေးပြည်နယ် တရားရုံးချုပ်က သူတို့ညီအစ်ကို နှစ်ယောက်ဟာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရန် ကြံစည်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဓာတ်ပုံ- ABC
1 year Ago
Up