အလာဘားမားကမ်းလွန်က အနည်တွေအောက်မှာ နှစ်ပေါင်း ၆၀,၀၀၀ ကြာ နစ်မြုပ်နေတဲ့ ထင်းရှူးတောတခုရဲ့ နမူနာတွေကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီတွေ့ရှိမှုက ဆေးဘက်ဆိုင်ရာနဲ့ ဇီဝနည်းပညာဆိုင်ရာ လေ့လာမှုတွေအတွက် ရှေ့ပြေးဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။
NOAA က ရန်ပုံငွေမတည်ပေးထားတဲ့ ဒီပရောဂျက်မှာ နော့အီစတင်တက္ကသိုလ်နဲ့ အုချ်တက္ကသိုလ်တို့ က သိပ္ပံပညာရှင်အဖွဲ့တခု ရှေးဟောင်းထင်းရှူးတောရှိရာ ရေအောက်ကြမ်းပြင်ရဲ့ ပေ ၆၀ ကို သွားခဲ့ပါတယ်။
အပင်ရဲ့အစိတ်အပိုင်းတချို့ဟာ အနက်အောက် ရောက်ရှိနေတာကြောင့် ယိုယွင်းပျက်စီးနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။
NOAA ရဲ့ သမုဒ္ဒရာရှာဖွေလေ့လာရေးဝဘ်ဆိုဒ်မှာ ပညာရှင်တွေဟာ သစ်ပင်တွေကို စားတတ်တဲ့သတ္တဝါတမျိုးကို အာရုံစိုက် ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ ဒီသတ္တဝါဟာ ဂုံးတမျိုးဖြစ်ပြီး သစ်ပင်တွေရှိတတ်တဲ့ ပင်လယ်အောက်မှာ နေထိုင်လေ့ရှိပါတယ်။
ဒါပေမယ့် အခုတွေ့ရှိတဲ့ သတ္တဝါမှာ ထူးခြားတဲ့ ဘတ်တီးရီးယား ၁၀၀ နီးပါးပါဝင်နေပြီး ဒီထဲကတချို့ကို ဆေးဝါးသစ်ထုတ်လုပ်ရေးအတွက် လေ့လာမှုပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် တချို့ကို မလေ့လာရသေးပါဘူး။
သုတေသီတွေဟာ စက္ကူကစလို့ ပြည့်မြဲစွမ်းအင်အထိ ထုတ်လုပ်နိုင်ဖို့ အလားအလာရှိတဲ့ ဓာတ်ပေါင်းနဲ့ အင်ဇိုင်းနမူနာတွေကို လေ့လာမှုပြုလုပ်သွားမှာ ဖြစ်ပါတယ်။
11 months Ago