နှစ်နိုင်ငံဆက်ဆံရေးထိခိုက်

February 28, 2020

သြစတြေးလျ ပြည်နှင်ဒဏ်မူဝါဒ ယိုယွင်းမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးထိခိုက်ဟု နယူးဇီလန်ပြော

သြစတြေးလျ  ပြည်နှင်ဒဏ်မူဝါဒဟာ ပျက်စီးယိုယွင်းလွန်းတာကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်နေတယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။  ဒါဟာ သမိုင်းဝင် မဟာမိတ် နှစ်နိုင်ငံအကြား  ရှားရှားပါးပါး တိုက်ခိုက်ကြတာပါ။ မကြာသေးခင်လတွေက သြစတြေးလျအစိုးရဟာ တရားမဝင် ဝင်လာသူတွေကို ဖြိုခွင်းရာမှာ ပြစ်မှုထင်ရှားတဲ့ နိုင်ငံခြားသား ထောင်ချီကို ပြည်နှင်ဒဏ်ပေးဖို့ ကြိုးပမ်းခဲ့ပါတယ်။  ဒီလိုလုပ်တဲ့အတွက် သူတို့ရဲ့နှစ်နိုင်ငံသား ဖြစ်ခြင်း အခွင့်အရေး ရုပ်သိမ်းခံရပါတယ်။ ဒီလုပ်ရပ်ဟာ သြစတြေးလျက ရာနဲ့ချီတဲ့ လူတွေကို နယူးဇီလန်ဆီ ပို့ဆောင်တယ်လို့ နယူးဇီလန်က ရှုမြင်ပါတယ်။  သြစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံဟာ များမြောင်လှတဲ့ ကိစ္စတွေမှာ တနိုင်ငံနဲ့ တနိုင်ငံ တိုက်ခိုက်ပြောဆိုကြပါတယ်။  သြစတြေးလျဝန်ကြီးချုပ်က ပြစ်မှုကျူးလွန်သူဟာ နိုင်ငံသားရုပ်သိမ်းခံရမှာဖြစ်ပြီး သြစတြေးလျမှာ ဆက်နေခွင့်မရှိဘူးလို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။  နယူးဇီလန်ဝန်ကြီးချုပ်ကတော့ သြစတြေးလျဟာ ပြစ်မှုကျူးလွန်တဲ့ နယူးဇီလန်နိုင်ငံသားတွေကို ပြည်နှင်ဒဏ် ပို့လို့ရပေမယ့် သြစတြေးလျ နိုင်ငံသားတွေနဲ့ ပြဿနာတွေကိုတော့ ပြန်ပို့မရဘူးလို့ ပြောဆိုခဲ့ပါတယ်။  သြစတြေးလျ ဝန်ကြီးချုပ်ကလည်း ပြည်နှင်ဒဏ်မူဝါဒကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကတိပေးခဲ့ပါတယ်။  နယူးဇီလန်နိုင်ငံ လူဦးရေရဲ့ ဆယ်ပုံတပုံကျော်ဖြစ်တဲ့ လူခြောက်သိန်းခွဲဝန်းကျင်ဟာ သြစတြေးလျမှာ နေထိုင်နေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
1 year Ago
Up