နှစ်ထပ်တိုက်

August 6, 2019

ပုဇွန်တောင်မြို့နယ်တွင် နှစ်ထပ်တိုက် မျက်နှာစာအမိုးပြား ပြိုကျ၊ ယာဉ်သုံးစီး ပျက်စီး

ပုဇွန်တောင်မြို့နယ်မှာ မနေ့ညက နှစ်ထပ်တိုက် မျက်နှာစာအမိုးပြား (ဆန်းရှိတ်) ပြုတ်ကျတာကြောင့် မော်တော်ယာဉ် ၃ စီး ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဩဂုတ်လ ၅ ရက်နေ့ ည ၇ နာရီခွဲလောက်က ပုဇွန်တောင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ၅၁ လမ်း အထက်ဘလောက်အမှတ် (၁၅၈/၁၆၀) ရှိ ဦးလှရွှေ (စိစစ်ဆဲ) ပိုင်ဆိုင်တဲ့ ၂ ထပ်တိုက် (လူမနေ) ရဲ့ မျက်နှာစာမှ အလျား ၃၅ ပေ၊ အနံ ၅ ပေခန့် ဆန်းရှိတ်အင်္ဂတေ ကျောက်ပြားဟာ အမြင့် ၁၅ ပေခန့်မှ ပြိုကျခဲ့တာကြောင့် အောက်မှာ ရပ်ထားတဲ့ ယာဉ် ၃ စီးပေါ် ကျခဲ့ပြီး လူထိခိုက်မှုမရှိဘဲ ယာဉ် ၃ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ပုဇြန္ေတာင္ၿမိဳ႕နယ္တြင္ ႏွစ္ထပ္တိုက္ မ်က္ႏွာစာအမိုးျပား ၿပိဳက်၊ ယာဥ္သုံးစီး ပ်က္စီး DVB  ပုဇြန္ေတာင္ၿမိဳ႕နယ္မွာ မေန႔ညက ႏွစ္ထပ္တိုက္ မ်က္ႏွာစာအမိုးျပား (ဆန္းရွိတ္) ျပဳတ္က်တာေၾကာင့္ ေမာ္ေတာ္ယာဥ္ ၃ စီး ပ်က္စီးခဲ့တယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။ ဩဂုတ္လ ၅ ရက္ေန႔ ည ၇ နာရီခြဲေလာက္က ပုဇြန္ေတာင္ၿမိဳ႕နယ္၊ ၁၀ ရပ္ကြက္၊ ၅၁ လမ္း အထက္ဘေလာက္အမွတ္ (၁၅၈/၁၆၀) ရွိ ဦးလွေ႐ႊ (စိစစ္ဆဲ) ပိုင္ဆိုင္တဲ့ ၂ ထပ္တိုက္ (လူမေန) ရဲ႕ မ်က္ႏွာစာမွ အလ်ား ၃၅ ေပ၊ အနံ ၅ ေပခန႔္ ဆန္းရွိတ္အဂၤေတ ေက်ာက္ျပားဟာ အျမင့္ ၁၅ ေပခန႔္မွ ၿပိဳက်ခဲ့တာေၾကာင့္ ေအာက္မွာ ရပ္ထားတဲ့ ယာဥ္ ၃ စီးေပၚ က်ခဲ့ၿပီး လူထိခိုက္မႈမရွိဘဲ ယာဥ္ ၃ စီး ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။
2 years Ago
Up