နှင်းထုပြိုကျမှု

January 3, 2021

စပိန်တွင် နှင်းထုပြိုကျမှုကြောင့် နှင်းကျုံးလုပ်သား ၁ ဦး သေဆုံး

စပိန်နိုင်ငံမြောက်ပိုင်း အော့စ်စတူးရီးယပ်စ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပွါတိုဒေ အစ်စီဒရိုမြို့မှာ နှင်းထုပြိုကျအပြီး နှင်းကျုံးလုပ်ငန်း လုပ်ကိုင်သူ ၁ ယောက် သေဆုံးသွားပါတယ်။ နှင်းထဲမှာပိတ်မိနေတဲ့ ကား ၂ စီးထဲကနေ အသက် ၂ နှစ်အရွယ် ကလေးတယောက် အပါအဝင် လူ ၅ ယောက်ကို ဂွါဒီယာစီဗယ် ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ခဲ့တယ်လို့ အရာရှိတွေက ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။ ပျောက်နေတဲ့ နှင်းကျုံးသူ နောက်တယောက်ကို ကယ်ဆယ်ရေးသမားတွေက ရှာနေဆဲပါ။
10 months Ago
Up