နှင်းတောင်ပြိုကျ

January 19, 2020

နီပေါတွင် နှင်းတောင်ပြိုကျသဖြင့် ခရီးသွား ၇ ဦးထက်မနည်း ပျောက်ဆုံး

နာမည်ကျော် နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်းမှာ နှင်းတောင်ပြိုတာကြောင့် ခရီးသွား ၇ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ နီပေါအာဏာပိုင်တွေက ဇန်နဝါရီ ၁၈ ရက်မှာ ပြောကြားပါတယ်။ နှင်းတောင်ပြိုရာမှာ တောင်ကိုရီးယားနိုင်ငံသား ၄ ယောက်နဲ့ နီပေါလမ်းညွှန် ၃ ယောက်တို့ ပါသွားခဲ့ပြီး တခြားလူ ၃၀ ကို ကယ်ဆယ်ထားတယ်လို့ နီပေါအာဏာပိုင်တွေက ဆိုပါတယ်။ ဒဏ်ရာရခဲ့တဲ့ တရုတ်ခရီးသွားတယောက်ကို ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ခဲ့တယ်လို့ နီပေါ ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်တဦးက ပြောခဲ့ပါတယ်။ ကျန်ပိတ်မိသူတွေကို ကယ်ဆယ်ရေး လုပ်နေတယ်လို့လည်း အာဏာပိုင်တွေက ပြောကြားပါတယ်။ ရာသီဥတု ဆိုးရွားတာနဲ့ ပြီးခဲ့တဲ့နှစ်ရက်မှာ အပူချိန် ကျဆင်းတာကြောင့်လည်း ကယ်ဆယ်ရေးလုပ်ရာမှာ အခက်တွေ့နေပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပေပေါင်း ၁၀၆၀၀ မြင့်မားတဲ့ နာမည်ကျော် အန်နာပါနာ တောင်တက်လမ်းမှာ နှင်းတောင်ပြိုခဲ့တယ်လို့ အတည်ပြု ပြောကြားပါတယ်။ အဲဒီတောင်တက်လမ်းဟာ နီပေါနိုင်ငံ အန်နာပါနာတောင်ကို ဝိုင်းပတ်ထားတယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up