နှင်းတောင်ပြို

May 10, 2020

နှင်းတောင်ပြိုပြီး ပိတ်မိသေဆုံးခဲ့သည့် နှင်းလျှောစီးသမား ၁ ဦးကို အီတလီကယ်ဆယ်ရေးအဖွဲ့ ပြန်သယ်

အီတလီနိုင်ငံက ကယ်ဆယ်ရေး လုပ်သားတွေဟာ နိုင်ငံအရှေ့မြောက်ပိုင်းက နှင်းလျှောစီး အပန်းဖြေ စခန်းသာမြို့ ကော်တီနာ အမ်ပဲ့ဇိုနားက နှင်းတောင်ပြိုကျချိန်မှာ သေဆုံးခဲ့တဲ့ နှင်းလျှောစီးသမား တယောက်ရဲ့ အလောင်းကို မေ ၉ ရက်မှာ ပြန်ရယူနိုင်ခဲ့ပါတယ်။  အယ်လ်ပိုင်းနဲ့ စပီလီယိုလိုဂျစ်ကယ် ကယ်ဆယ်ရေးအဖွဲ့ရဲ့ အဆိုအရ နှင်းလျှောစီးသူဟာ ဒိုလိုမိုက်စ်တောင်တန်းပေါ်က နှင်းထုပြိုကျချိန်မှာ ပိတ်မိနေတဲ့ နှင်းလျှောစီး လူအုပ်ထဲက တယောက် ဖြစ်ပါတယ်။  သေဆုံးသူ အသက် ၂၃ နှစ်အရွယ် အီတလီနိုင်ငံသား အမျိုးသားနဲ့ အတူရှိနေခဲ့တဲ့ သူ့ညီအစ်ကိုကတော့ ဒဏ်ရာမရခဲ့ဘူးလို့ ဆိုပါတယ်။ သူ့အလောင်းကို ကယ်ဆယ်ရေး အဖွဲ့ ရဟတ်ယာဉ်နဲ့ သယ်လာပြီး ကော်တီနာ အမ်ပဲ့ဇိုမြို့ ရင်ခွဲရုံဆီကို ပို့ဆောင်ခဲ့ပါတယ်။
12 months Ago

May 3, 2020

နှင်းတောင်ပြိုကျပြီး ပျောက်နေသူ ၂ ဦး အလောင်း နီပေါနိုင်ငံ ပြန်သယ်

တောင်ကိုရီးယား တောင်တက်သမား တယောက်နဲ့နီပေါ တောင်တက်လမ်းပြတို့ရဲ့ အလောင်းတွေကို နီပေါနိုင်ငံရဲ့ မြို့တော် ခတ္တမန္ဒူက ရင်ခွဲရုံ ဆီကို မေ ၂ ရက်က ပြန်သယ်လာပါပြီ။ ဇန်နဝါရီက နှင်းတောင်ပြို ကျချိန်က ပျောက်သွားတဲ့ လူ ၇ ယောက် အုပ်စုထဲက နောက်ဆုံးကျန်တဲ့ ၂ ယောက်ကို ကယ်ဆယ်ရေးသမားတွေက ဒီသီတင်းပတ် အစောပိုင်းမှာ ရှာတွေ့ ခဲ့ပြီး တခြားလူတွေကိုတော့ မတ်လနဲ့ ဧပြီလက ရှာတွေ့ခဲ့ကြပါတယ်။ ဟိမဝန္တာတောင်တန်းဒေသဟာ စွန့်စားမှုကို နှစ်ခြိုက်တဲ့ ခရီးသွားတွေ ကြားမှာ လူကြိုက်များ ပါတယ်။  နှစ်စဉ် ထောင်နဲ့ချီတဲ့ တောင်တက်သမားတွေဟာ နီပေါနိုင်ငံကို လာရောက် လည်ပတ်လေ့ ရှိပါတယ်။  နီပေါနိုင်ငံမှာ ကမ္ဘာ့အမြင့်ဆုံး တောင်ဆယ့်လေးလုံးထဲက ဧဝရတ်တောင်အပါအဝင် တောင်၈လုံးဟာ နီပေါနိုင်ငံမှာ ရှိနေပါတယ်။  ဒါကြောင့် စွန့်စားမှုအခြေပြု ခရီးသွားလုပ်ငန်းဟာ နီပေါနိုင်ငံရဲ့ ဝင်ငွေအတွက် ကြီးမားတဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်။  ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ရပ်တံ့ဖို့ လုပ်ဆောင်ချက်အနေနဲ့ နီပေါဟာ ဟိမဝန္တာဒေသ တောင်တက် လှုပ်ရှားမှု အားလုံးကို မတ်လက စပြီး ပိတ်ထားခဲ့ပါတယ်။   
12 months Ago
Up