နှင်းဆီရဲတိုက်ရုပ်ရှင်

February 12, 2020

အောင်ရဲလင်း၊ ကောင်းပြည့်၊ ရွှေမှုန်ရတီတို့ ပါဝင်သည့် နှင်းဆီရဲတိုက်ရုပ်ရှင်(နမူနာ)

လူငယ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ အောင်ရဲလင်း၊ ကောင်းပြည့်၊ ရွှေမှုန်ရတီတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နှင်းဆီရဲတိုက်ရုပ်ရှင်ကို မကြာခင်မှာ ရုံတင် ပြသသွားဖို့ ရှိနေပါတယ်။ ဒီကားကတော့ အင်ကြင်းဟန်ရဲ့ ဇာတ်လမ်းကို နေခြည်အောင်သစ်က ဇာတ်ညွှန်း ခွဲထားပေးပြီး ဒါရိုက်တာ နေပိုင်က ရိုက်ကူးပုံဖော်ပေးထားတာပါ။ ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ၃ ပွင့်ဆိုင် အချစ်ဒရာမာဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင် ကားထဲမှာ အချစ်၊ အလွမ်း၊ ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေ၊ အားပြိုင်မှုတွေနဲ့ ရိုက်ကူး ပုံဖော်ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါ တယ်။ ဒီကားထဲမှာ အောင်ရဲလင်း၊ ကောင်းပြည့်၊ ရွှေမှုန်ရတီတို့နဲ့အတူ ဝါရင့်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရဲအောင်၊ မို့မို့မြင့်အောင်တို့နဲ့ တခြားသရုပ်ဆောင်တွေ လည်း ပါဝင်ထားကြတာပါ။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါ တယ်။ ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။
1 year Ago
Up