နှင်းခါးရိုက်ခတ်မှု

July 27, 2021

ဘရာဇီးတွင် နှင်းခါးရိုက်ခတ်မှုကြောင့် ကော်ဖီစိုက်ခင်း ဧက သိန်းချီပျက်စီးပြီး ကော်ဖီဈေးတက်

ထိပ်တန်း ကော်ဖီထုတ်လုပ်သူ ဘရာဇီးနိုင်ငံမှာ ကောက်ပဲသီးနှံတွေကို ခြိမ်းခြောက်နေတဲ့ နှင်းခါးတွေကို ဒုတိယမြောက် သီတင်းပတ်အထိ ရင်ဆိုင်နေရပြီး အာရေဗစ်ကာ ကော်ဖီဈေးနှုန်းဟာ ဇူလိုင် ၂၆ ရက်မှာ ပြီးခဲ့တဲ့ ၆ နှစ်ခွဲကာလအတွင်း အမြင့်ဆုံး ဈေးအထိ ထိုးတက်သွားပါတယ်။

မကြုံစဖူး အားကောင်းတဲ့ နှင်းခါးတွေ ဘရာဇီးနိုင်ငံရဲ့ စိုက်ပျိုးရေးဒေသကို အရင်အပတ်က ရိုက်ခတ်ခဲ့လို့ အာရေဗစ်ကာ ကော်ဖီစိုက်ခင်း ဧက ၅ သိန်းနီးပါး ထိခိုက်ခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့အကြီးဆုံး ကော်ဖီထုတ်လုပ်သူ ဘရာဇီးရဲ့ စိုက်ခင်းစုစုပေါင်း ဧရိယာရဲ့ ၁၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

အစိုးရ စားနပ်ရိက္ခာဖြန့်ဖြူးရေးဌာန ကိုနာ့ဘ်ရဲ့ ကနဦး ခန့်မှန်းချက်အရ စိုက်ပျိုးမြေ ဟက်တာ ၁ သိန်းခွဲကနေ ၂ သိန်းအထိ  ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။

အာရေဗစ်ကာကော်ဖီရဲ့ အနာဂတ်ဈေးနှုန်းဟာ ဇွန်လကုန်ပိုင်းမှာ ၃၅ ရာခိုင်နှုန်း ထိုးတက်ခဲ့ပြီး လာမယ့်သီတင်းပတ်တွေမှာ အဓိက ကော်ဖီကုန်အမှတ်တံဆိပ်တွေ ဈေးတက်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေ  ပိုတိုးလာနေပါတယ်။

ဘရာဇီးဟာ ကမ္ဘာ့ကော်ဖီကုန်သွယ်ရေးရဲ့ ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

4 months Ago
Up