နွေရာသီအပြောင်းအ‌ရွှေ့

February 28, 2020

လာမည့်နွေရာသီအပြောင်းအ‌ရွှေ့ ဂိုးသမား ဒီဂီယာကို မန်ယူ ရောင်းမည်

လာမယ့်နွေရာသီအပြောင်းအ‌ရွှေ့မှာ ဂိုးသမားဒီဂီယာကို ရောင်းချပြီးတော့ ကစားသမား သစ်ခေါ်ဖို့ ပြင်ဆင်သွားဖို့ ရှိနေတယ်လို့ ယူနိုက်တက်အတွင်းသတင်းတွေအရသိရပါတယ်။ ဒါကြောင့် ယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမားနေရာအတွက် ဒင်းန်ဟန်ဒါဆင်နဲ့ရိုမဲရိုးတို့ မျှော်လင့်ချက်ရှိလာနိုင်တယ်လို့ မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ Goal.comရဲ့ ဖော်ပြချက်အရဆိုရင်တော့ ဒီဂီယာဟာ ပီအက်စ်ဂျီ ဒါမှမဟုတ် ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် စပိန်တိုက်စစ်မှူး ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီကတည်းက ‌အသင်း ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာဖြစ်ပြီး အခုနှစ်မှာတော့ အပြောင်းအရွေ့ ကျိန်းသေပေါက်ဖြစ်လာ ဖို့ရှိနေပါတယ်။ ဒီဂီယာနဲ့မန်ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ရာသီက ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ်တခု ချုပ်ဆိုခဲ့တာကြောင့် လက်ရှိသတင်းတွေအရ ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ကတော့ ပြောင်းရွှေ့ ကြေးတရပ် မဖြစ်မနေ ပေးချေရတော့မှာဖြစ်ပါတယ်။
2 years Ago
Up