နွေရာသီအပြောင်းအရွှေ့

September 1, 2021

နွေရာသီအပြောင်းအရွှေ့ ပြီးဆုံး၊ ငွေသုံးအများဆုံးစာရင်းတွင် အာဆင်နယ် ဦးဆောင်

ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်ဟာ မနေ့ညက ပြီးဆုံးသွားခဲ့ပြီး အာဆင်နယ်အသင်းက ငွေအများဆုံး အသုံးပြုခဲ့ပါတယ်။

ဒီနှစ်နွေရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်းဟာ ၁ ဒသမ ၀၂ ဘီလီယံရှိခဲ့ပြီး အာဆင်နယ်အသင်းက ၁၅၆ ဒသမ ၈ သန်းအထိ အများဆုံး အသုံးပြုခဲ့တာပါ။ 

ဒုတိယနေရာမှာ မန်ယူနိုက်တက်က ပေါင် ၁၃၃ ဒသမ ၇ သန်းနဲ့ ရပ်တည်နေပြီး မန်စီးတီးက ပေါင်သန်း ၁၀၀ နဲ့ တတိယနေရာ ရပ်တည်ခဲ့ပါတယ်။ 

အဲဒီနောက်မှာ ချဲလ်ဆီး၊ အက်စ်တန်ဗီလာ၊ ဝက်စ်ဟမ်း၊ စပါး၊ လက်စတာ၊ လိဒ်ယူနိုက်တက်၊ လီဗာပူးတို့က အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။

အနည်းဆုံး အသုံးပြုခဲ့တဲ့အသင်းက အဲဗာတန်အသင်း ဖြစ်ပြီး ပေါင် ၁ ဒသမ ၆ သန်းသာ အသုံးပြုခဲ့တာပါ။ 

ငွေကြေးအများဆုံး အသုံးပြုခဲ့ရတဲ့ ကစားသမားက ဂျက်ဂရေးလစ်ရှ် ဖြစ်ပြီး မန်စီးတီးက ပေါင်သန်း ၁ဝဝ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂရေးလစ်ရှ် နောက်မှာ လူကာကူ၊ ဆန်ချို၊ ဘင်ဝှိုက်နဲ့ ရာဖေးဗာရန်းတို့က အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးအများဆုံး ရရှိတဲ့အသင်းစာရင်းမှာတော့ အက်စ်တွန်ဗီလာက ပေါင်သန်း ၁၀၀၊ ချဲလ်ဆီးက ၉၄ သန်း၊ ဘရိုက်တန်က သန်း ၅၀ နဲ့ အစဉ်လိုက်ရပ်တည်ထားပါတယ်။

5 months Ago

February 27, 2020

ကစားသမား ၈ ဦးအထိ ရောင်းချရန် ချဲလ်ဆီးနည်းပြ ပြင်ဆင်

ချဲလ်ဆီးအသင်းရဲ့နည်းပြ ဖရန်ခ့်လမ်းပတ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းက ကစားသမား ၈ ဦးထိ ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရောစ့်ဘာကလီ၊ ဂျော်ဂျင်ဟိုတို့လို ကစားသမားတွေဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်သလို မားကိုစ့်အလွန်ဆို၊ အီမာဆင်၊ ဇူးမား၊ ဝီလျံနဲ့ ပက်ဒရို တို့လို ကစားသမားတွေဟာလည်း အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဖရန့်ခ်လမ်းပတ်ဟာ အစောပိုင်းက အေဂျက်စ်တောင်ပံကစားသမား ယာကင် ဇီးယက်ချ်ကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူထားပြီး ဖြစ်သလို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၆၀ လောက် သုံးစွဲခွင့်ရနေတာကြောင့် ထိပ်တန်းကစားသမားတော်တော်များများကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေခဲ့တယ်လို့ သိရပါတယ်။
2 years Ago
Up