နွေရာသီအချိန်

March 2, 2020

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် သြစတြေးလျ နွေရာသီအချိန် ၂ ဆ ပိုရှည်လာ

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် အပူချိန်တိုးလာတဲ့ ရလဒ်အနေနဲ့ သြစတြေးလျနိုင်ငံရဲ့ နွေရာသီဟာ ဆောင်းရာသီထက် အချိန် ၂ ဆ ပိုရှည်လာတယ်လို့ သုတေသနတွေက မတ် ၂ ရက်မှာ ပြောဆိုထားပါတယ်။  ကင်ဘာရာမြို့အခြေစိုက် တတ်သိပညာရှင်အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ကျန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ရထားတဲ့ အချက်အလက်တွေကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ သုံးသပ်ချက်အရ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သြစတြေးလျနိုင်ငံရဲ့ နွေရာသီဟာ ၂၀ရာစု အလယ်ပိုင်းက အပူချိန်နဲ့နှိုင်းစာရင် ၅၀ ရာခိုင်နှုန်း ပိုရှည်ကြာခဲ့ပါတယ်။ နှစ် ၂၀ အတွင်း နွေရာသီဟာ ပြီးခဲ့တဲ့ နှစ် ၅၀ နဲ့စာရင် အချိန် တလ ပိုကြာခဲ့ပြီး ဆောင်းရာသီကတော့ ပျမ်းမျှသီတင်းပတ် ၃ ပတ် ပိုတိုသွားခဲ့တာပါ။ မနှစ်က သြစတြေးလျ နိုင်ငံအတွင်း လတွေနဲ့ချီပြီး လောင်ကျွမ်းခဲ့တဲ့ တောမီးတွေကြောင့် မြေဧက သန်း ၃၀ နီးပါး လောင်ကျွမ်းခဲ့ပါတယ်။ ဒါကြောင့် လူ ၃၃ ယောက်နဲ့ ဌာနေ တိရစ္ဆာန်ကောင်ရေ သန်းတထောင်လောက် သေဆုံးခဲ့ပါတယ်။
1 year Ago
Up