နွေစပါး

A d v e r t i s e m e n t With Us

December 21, 2020

နှစ်ပေါင်း ၂၀ အတွင်း ကင်းတားဆည်ရေ အနည်းဆုံးဖြစ်၊ နွေစပါးအတွက် ရေမပေးဝေနိုင်

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာ တည်ရှိတဲ့ ကင်းတားဆည်မှာ နှစ်ပေါင်း ၂၀ အတွင်း ဆည်ရေ အနည်းဆုံးအခြေအနေ ဖြစ်နေတာကြောင့် နွေစပါးအတွက် ရေမပေးနိုင်တော့ဘူးလို့ ကင်းတားဆည်မြောင်းဦးစီးဌာနက ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ကင်းတားတမံ ဆည်မြောင်းဦးစီအရာရှိ ဦးထင်ကျော်လင်းက “ကင်းတားတမံထဲမှာ ရေသိုလှောင်ထားတာ ဧကပေ ၁၁၀,၀၀၀ ရှိပါတယ်။ နှစ်ပေါင်း ၂၀ အတွင်းမှာတော့ အခုရှိနေတဲ့ ရေသိုလှောင်ထားမှုပမာဏဟာ အနည်းဆုံးပါပဲ။ နွေစပါးစိုက်ပျိုးဖို့ ရေမပေးနိုင်ပါဘူး. မိုးခေါင်တာကြောင့် ဆည်ထဲကို ရေဝင်နည်းပါတယ်။ ဆည်ထဲကို မနှစ်က မိုးတွင်းရေဝင်တာ ရေဧကပေ ၇ သိန်းလောက် ဝင်တယ်။ ဒီနှစ်က ရေဧကပေ ၅ သိန်းလောက်ပဲ ဝင်တယ်။ ရေအတော်နည်းသွားလို့ ဒီနွေမှာ ကျွဲ နွားတွေအတွက် ရေလိုအပ်တယ်ဆိုရင်တောင် သေချာစိစစ်ပြီးမှ ပေးနိုင်မှာပါ။ ကင်းတားဆည်က စိုက်ပျိုးရေးအတွက် အဓိကထားပြီး ရေပေးတာပါ။ စိုက်ပျိုးရေပေးတဲ့ရေကို လျှပ်စစ်ထုတ်ပါတယ်။ လျှပ်စစ် ၂၈ မဂ္ဂါဝပ်ထွက်တဲ့ စက် ၂ လုံး ရှိတယ်။ ပေါင်း ၅၆ မဂ္ဂါဝပ် ထွက်ပါတယ်။ အခုတော့ လျှပ်စစ်လည်း မထုတ်နိုင်တော့ပါဘူး” လို့ DVBကို ပြောပါတယ်။ ကင်းတားဆည်ကြီးက လက်ယာရေသောက်စနစ်၊ လက်ဝဲရေသောက်စနစ် ပန်းလောင် ရေသောက်စနစ် ဆိုပြီး စနစ် ၃မျိုးနဲ့ စိုက်ပျိုးရေ ပေးဝေပါတယ်။  ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး စတဲ့ ၄ မြို့နယ်က လယ်ယာမြေတွေကို ရေပေးနေတာပါ။ ကင်းတားဆည်ကြီးက ၁၉၉၆ ခုနှစ်ကစပြီး မိုးစပါး၊ နွေစပါးဆိုပြီး တနှစ်ကို စပါး နှစ်သီးစား စိုက်ပျိုးနိုင်အောင် ရေပေးဝေခဲ့ပါတယ်။ ၂၀၂၀ နွေရာသီမှာ ရေဧကပေ ၂ သိန်းလောက် ဆည်ထဲမှာရှိခဲ့ပေမယ့် နွေစပါးအတွက်တော့ ရေ မပေးနိုင်ခဲ့ပါ။ လာမယ့်နှစ် ၂၀၂၁ နွေရာသီအတွက် ဆည်ထဲမှာ ရေဧကပေဟာ မနှစ်ကထက် ထက်ဝက်ခန့် နည်းသွားပါတယ်။ မိုးတွင်းကာလမှာ စပါးနဲ့ ယာသီးနှံ ဧက ၂ သိန်းကျော် စိုက်ရန်ရေပေးဝေပြီး နွေကာလမှာ စပါးနဲ့ ယာသီးနှံ ဧက ၁ သိန်းကျော် စိုက်ပျိုးနိုင်ဖို့ ရေပေးဝေပါတယ်။  သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း
2 months Ago

December 22, 2019

မန္တလေးတိုင်း ၄ မြို့နယ်၌ မိုးခေါင်၍ ကင်းတားဆည်က နွေစပါးအတွက် ရေမပေးနိုင်

မန္တလေးတိုင်း၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်နဲ့ တံတားဦးမြို့နယ်တွေက  လယ်မြေတွေအတွက် စိုက်ပျိုးရေပေးဝေနေတဲ့ ကင်းတားဆည်ဟာ အခုနှစ်မှာ မိုးခေါင်ပြီး ရေဝင်နည်းတာကြောင့် ၂၀၂၀ နွေရာသီမှာ စိုက်ပျိုးမယ့် သီနှံတွေအတွက် ရေမပေးနိုင်တော့ဘူးလို့ ကင်းတားတမံ ဆည်မြောင်းဦးစီးဌာနက သိရပါတယ်။ ကင်းတားတမံဆည်မြောင်းဦးစီးမှူး ဦးထင်ကျော်လင်းက “ကင်းတားဆည်ထဲမှာ ရေ ဧကပေ နှစ်သိန်းသုံးသောင်းကျော်လောက် ရှိနေပါတယ်။ နွေရောက်ရင် အညာဒေသ ဆိုတော့ ရေခက်ခဲတယ်။ လူနဲ့ ကျွဲ၊ နွား သုံးရေအတွက် ရေ ဧကပေ နှစ် သောင်းချန်ထားတယ်။ ၂ လပိုင်းလောက်ဆို လူနဲ့ ကျွဲ၊ နွား သုံးရေ တောင်းလာကြတယ်။ အဲဒီအခါ ရေမြောင်းထဲကို ရေလွှတ်ပေးရတယ်။ ရေဧကပေ တသိန်းခွဲက ၂၀၂၀ ဇွန်လ ၁၅ ရက်လောက်မှာ မိုးစပါး ပျိုးထောင်ရေ ပြန်ပေးဖို့ ချန်ထားတာပါ။ ရေဧကပေ ခြောက်သောင်းကတော့ ဆည်မပျက်အောင် ထားရတဲ့ ဆည်စောင့်ရေပါ။ ဒီနှစ်က မိုး အတော်ခေါင်သွားတယ်” လို့ ပြောပါတယ်။ ကင်းတားဆည်ကနေ ရေအားလျှပ်စစ်ထုတ်ရင်း မြို့နယ် ၄ မြို့နယ်က  လယ်ယာတွေကို ကင်းတားမြောင်းမကြီးကနေ လက်တံမြောင်း (DY) ၃၄ ခုနဲ့  ရေပေးဝေနေတာ ဖြစ်ပါတယ်။ လက်ယာရေပေးစနစ်၊ လက်ဝဲရေပေးစနစ်နဲ့ ပန်းလောင်ရေပေးစနစ် ဆိုပြီး ရေပေးစနစ် သုံးမျိုးနဲ့ လယ်ယာမြေတွေကို စိုက်ပျိုးရေ ပေးဝေနေတာဖြစ်ပြီး မြောင်းမကြီးနဲ့ လက်တံမြောင်းတွေ မမီတဲ့ လယ်ယာမြေတွေကို ရေလှောင်ကန်စနစ်၊ ရေတင်စနစ်  နှစ်မျိုးနဲ့လည်း ရေပေးဝေပါတယ်။ ခုလို ဆည်ကနေ ရေဖြတ်တောက်လိုက်တဲ့အတွက် စပါးအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ ဒေသခံ တောင်သူလယ်သမားတွေက ပြောပါတယ်။  ကင်းတားဆည်ရေသုံး စိုက်ပျိုးတဲ့ ဒေသခံတောင်သူ ဦးဆန်းဝင်းက “ကင်းတားဆည်က ဒီဇင်ဘာ ၈ ရက်မှာ ရေဖြတ်လိုက်တယ်။ မြောင်အရင်းမှာ စိုက်ပျိုးတဲ့ လယ်တွေကတော့ စပါးအောင်ကြပါတယ်။ မြောင်းဖျားက လယ်တွေကတော့ အထွက်နှုန်း ကျကုန်မယ်။ အရင်းနဲ့ အဖျား လယ်တဧကကို တင်း ၃၀ လောက် စပါးအထွက် ကွာခြားတယ်။ ရေအလုံအလောက်ရတာနဲ့ မရတာ ကွာခြားတာပါပဲ” လို့ ပြောပါတယ်။ နွေစပါးစိုက်ဧက တသိန်းလောက်နဲ့ တခြားသီးနှံ စိုက်ဧက ငါးသောင်းကျော်လောက် ၂၀၂၀ နွေရာသီမှာ မစိုက်နိုင်တော့လို့ စပါးစျေးတွေ တက်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ မောင်မောင်လင်း
1 year Ago
Up