နွားရိုင်းသတ်သမား

A d v e r t i s e m e n t With Us

June 14, 2020

စပိန်နွားရိုင်းသတ်သမားများနှင့်ပရိသတ်များ ဆန္ဒပြ

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နွားရိုင်းသတ်ပွဲတွေ ပိတ်ထားရလို့  လုပ်ငန်းကဏ္ဍကို ထောက်ပံ့ပေးဖို့ စပိန်နွားရိုင်းသတ်သမားတွေနဲ့ ပရိသတ်တွေဟ ဇွန်လ ၁၃ ရက်က စပိန်နိုင်ငံတဝန်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။  ကိုဗစ်ကပ်ဘေးကြောင့် ဒီနှစ်အတွင်း ကျင်းပမယ့် ပြိုင်ပွဲတွေအားလုံးကို ဖျက်သိမ်းထား ရပေမဲ့  စပိန်မှာ အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းစည်းမျဉ်းတွေ ဖြေလျှော့နေပြီမို့ နွားရိုင်း သတ်ပွဲတွေကို လုံခြုံစိတ်ချစွာ ကျင်းပနိုင်တယ်လို့ မက်ဒရစ်မြို့အနီးက ဂွါဒါလာဂျာရာမှာ ဆန္ဒပြသူ တွေက ဆိုပါတယ်။  ဒီနှစ်ထဲ အဓိကပွဲတွေကိုလည်း ဖျက်သိမ်းထားလို့  နွားရိုင်းတွေဟာ ခြံတွေကနေ သားသတ်ရုံ တွေဆီ ရောက်ကုန်ပါတယ်။  စပိန်နွားရိုင်းသတ်ပွဲတော်လုပ်ငန်းကဏ္ဍဟာ အလုပ်အကိုင်ထောင်ပေါင်းများစွာကို ပံ့ပိုးပေး နိုင်ပြီး ဒီထဲမှာ နွားရိုင်းသတ်သမားတွေ၊ သူတို့ရဲ့အဖွဲ့တွေနဲ့ နွားရိုင်းသတ်ကွင်း ဝန်ထမ်းတွေ ပါပါတယ်။  နွားရိုင်းသတ်လုပ်ငန်းဟာ ဒီရာသီမှာ မလုပ်ဖြစ်ရင် ယူရို ၇၇ သန်း ခန့် ဆုံးရှုံးရမယ်လို့ စပိန်နွားရိုင်း မွေးမြူသူများသမဂ္ဂက ခန့်မှန်းထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago
Up