နွားထိုးကြီးမြို့

October 13, 2021

နွားထိုးကြီးမြို့တွင် ဗုံးပေါက်ကွဲပြီး ဗိုလ်ကြီး ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့မှာ အောက်တိုဘာ ၁၃ ရက် မနက် ၈ နာရီက ဗုံးတစ်လုံး ပေါက်ကွဲပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ဦး  သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့မနက် ၈ နာရီလောက်က အမှတ် ၅  ရပ်ကွက် ဘူတာလမ်းဆုံနားက နေအိမ်တစ်အိမ်ရှေ့မှာ ဗုံးတင်ထားတာတွေ့လို့ လုံခြုံရေးကို အကြောင်းကြားတာ။ ဗုံးရှင်းဖို့ စစ်ကောင်စီ လုံခြုံရေးတွေ ရောက်လာပြီး ရှင်းလင်းနေစဥ်မှာပဲ ပေါက်ကွဲသွားတာကြောင့် စစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့တာ” လို့ မြိုခံ တစ်ယောက်က ပြောပါတယ်။

နွားထိုးကြီးမှာ အောက်တိုဘာ ၁၂ ရက်က မနက်ကလည်း တရားရုံးအနီးမှာ ဗုံးပေါက်ခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၁၃ ရက် မနက်မှာ ရက်ဆက် ထပ်မံပေါက်ကွဲတာဖြစ်ပါတယ်။

၂ ရက်တာ ဗုံးပေါက်ကွဲမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရပြီး ဗိုလ်ကြီး ၁ ဦး  သေဆုံးသွားတယ်လို့ သိရပါတယ်။

3 months Ago

March 10, 2021

နွားထိုးကြီးမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ရဲက အင်အားသုံးဖြိုခွင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု သပိတ်စစ်ကြောင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး  ဦးဆောင်တဲ့ လက်နက်ကိုင် ရဲအင်အား ၃၀ ကျော်နဲ့ လိုက်လံ အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။

မတ်လ ၉ ရက်မနက်က အင်အားရာကျော်ပါတဲ့ သပိတ်စစ်ကြောင်း ၂ ကြောင်းခွဲပြီး ငြိမ်းချမ်းစွာလှည့်လည်ဆန္ဒပြတဲ့ ပြည်သူတွေကို  ရဲတပ်ဖွဲ့က. လွတ်လပ်ရေးကျောက်တိုင်စုရပ်၊ ပညာရေးမှူးရုံးစုရပ်နဲ့ နန္ဒဝန်ပန်းခြံစုရပ်တို့မှာ လိုက်လံဖြိုခွဲခဲ့တဲ့အတွက် သပိတ်စစ်ကြောင်း လူစုခွဲခဲ့ရပါတယ်။

10 months Ago
More News
Up