ကိုဗစ်-၁၉ ကြောင့် ကွာရန်တင်းစင်တာနဲ့ ဆေးရုံတွေမှာ နေထိုင်သူတွေကို နွယ်အေး စွန္နီဂျာမေဗလီလူမှုရေးအသင်းက hala အစားအသောက်တွေ လှူဒါန်းပေးနေပါတယ်။
ကွာရန်တင်းစင်တာတွေနဲ့ ဆေးရုံတွေမှာ သွားရောက်လှူဒါန်းပေးနေတာလို့ နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်းမှ အတွင်းရေးမှူး ဦးဇော်မင်းလတ်က ပြောပါတယ်။
"အစ်ကိုတို့ လှူနေတာ စက်တင်ဘာလကတည်းက စလှူနေတာပေါ့။ ခုဆိုရင်သုံးလပြည့်ပါပြီ။ hala စားချင်သူမည်သူကိုမဆို လူမျိုးမရွေးဘာသာမရွေး စားဖို့ ဆက်သွယ်လာတဲ့သူမှန်သမျှကို အစ်ကို တို့အသင်းအနေနဲ့ လိုက်လံပို့ဆောင်လှူဒါန်းပေးနေတာပါ။"
အသင်းအနေနဲ့ ကွာရန်တင်းနေထိုင် ၁၆၀၀ ကျော်အတွက် မနက်စာ၊ နေ့လယ်စာ၊ ညနေစာ သုံးကြိမ်စလုံးအတွက် နေ့စဉ် လှူဒါန်းပေးနေတယ်လို့ ဆိုပါတယ်။
အစားအသောက်တွေကို ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း ကျန်းမာရေးနဲ့အညီ စီမံချက်ပြုတ်ပေးနေတယ်လို့ ဦးဇော်မင်းလတ်က ပြောပါတယ်။
အစားအသောက်တွေကို အသင်း ရန်ပုံငွေနဲ့ မတည်လှူဒါန်းနေတာဖြစ်ပြီး ပြင်ပက လာရောက်လှူဒါန်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
Photo - Ye Myo Khant / MPA
4 months Ago