မြောက်ကိုရီးယား အစိုးရဟာ နေစွမ်းအင် ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နေတယ်လို့ အစိုးရ မီဒီယာက ဇွန် ၈ ရက်မှာ အစီရင်ခံပါတယ်။
ပြုံယမ်းမြို့တော်က အဆောက်အဦတွေမှာ နေစွမ်းအင်သုံး ဆိုလာပြားတွေကို တပ်ဆင်နေပုံ ရုပ်သံကို မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA က ထုတ်လွှင့်ခဲ့ပြီး ဒီရုပ်သံကို သီးခြား အတည်ပြုနိုင်မှုတော့ မရှိပါဘူး။
နိုင်ငံတွင်း လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေးကို ကူညီဖို့ သဘာဝစွမ်းအင် ဓာတ်အားစနစ်ကို ပိုများတဲ့ နေရာတွေမှာ တပ်ဆင်သွားမယ်လို့လည်း လျှပ်စစ်ပညာရှင် ရဂီဟွတ်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်အစီအစဉ်ကို တုံ့ပြန်ဖို့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပိုမြင့်မြင့်မားမား ချမှတ်လာချိန်မှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို ပိုသုံးဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ဆော်သြထားပါတယ်။
9 months Ago