နံရံ ၂ ခုကြား ခေါင်းညပ်နေသည့်

April 8, 2018

နံရံ ၂ ခုကြား ခေါင်းညပ်နေသည့် ၄ နှစ်အရွယ်ကလေးကို မီးသတ် ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်မှာ ၄ နှစ်သား ကလေးတယောက်ဟာ ၂၀ စင်တီမီတာသာ ကွာဟနေတဲ့ နံရံ ၂ ခုကြားထဲ ဝင်သွားခဲ့လို့ မီးသတ်သမားတွေက ကယ်ထုတ်ခဲ့ရပါတယ်။ ဟွေ့ရန်မြို့ လူဘန်မြို့နယ်ထဲမှာ ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်က မတော်တဆ ဖြစ်ခဲ့တာပါ။ မီးသတ်သမား ၂ ယောက် ပြသနာဖြစ်တဲ့နေရာကို အမြန်ရောက်လာပြီး ကလေးရဲ့ အခန်းထဲက နံရံမှာ အပေါက်ဖောက်ခဲ့ရပါတယ်။ အဲဒီနောက် လျှပ်စစ်တူနဲ့ နံရံကိုရိုက်ဖွင့်ပြီး ကလေးကို ဆွဲထုတ်ခဲ့ရတာပါ။ ကလေးက ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ ခွေးတကောင် နောက်ကို လိုက်ရင်း ကလေးက နံရံကြားထဲ ပြေးဝင်မိသွားတာလို့ အိမ်နီးချင်းတွေက ပြောခဲ့ပါတယ်။
3 years Ago
Up