မက္ကဆီကိုစီးတီးမြို့က ကျဉ်းမြောင်းတဲ့ နံရံနှစ်ခုကြားမှာ ညှပ်ခဲ့တဲ့ မွေးကင်းစကလေးတဦး ကို မတ်လ ၃ ရက်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။
ဒီကလေးငယ်လေးကို အမိုးနဲ့သုံးမီတာအကွာမှာရှိတဲ့နံရံ နှစ်ခုကြားထဲမှာ ညှပ်နေတာကို တွေ့ခဲ့ရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
ဒီကလေးငယ်ကို ကယ်ဖို့ နံရံအစိတ်အပိုင်း တခုကို ဖျက်ခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ ဒီကလေးငယ်လေးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။
ကနဦးထွက်ပေါ်လာတဲ့ သတင်းတွေအရ ကလေးငယ်ရဲ့ နှလုံးခုန်နှုန်းဟာ ကျဆင်းနေ တယ်လို့ သိရပေမယ့် ကလေးဟာ လျင်လျင်မြန်မြန်ပြန်ကောင်းလာခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
12 months Ago