နံပါတ်တစ်

December 28, 2021

ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသား ၁၀၀ စာရင်းတွင် ပိုင်တံခွန် ထိပ်ဆုံးက ရပ်တည် (ရုပ်သံ)

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ရုပ်အချောဆုံး မျက်နှာပိုင်ရှင် အမျိုးသား အယောက် ၁၀၀ စာရင်း (THE 100 MOST HANDSOME FACES of 2021) မှာ အင်းစိန်ထောင်တွင်း အကျဉ်းကျခံနေရတဲ့ မြန်မာမော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်က နံပါတ်တစ် ရရှိသွားပါတယ်။ 

ဒီနှစ်မှာ ကမ္ဘာတဝန်း နာမည်စာရင်းတင်သွင်းထား အယောက် ၂ သိန်းကျော်ထဲကနေ အချောဆုံးမျက်နှာပိုင်ရှင် အယောက် ၁၀၀ စာရင်းကို TC Candler က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ 

ရုပ်အချောဆုံးမျက်နှာပိုင်ရှင် နံပါတ် ၁ ရရှိသွားတဲ့ မော်ဒယ် ပိုင်တံခွန်ဟာ သူ့ရဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့ကပဲ စစ်ကောင်စီက  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ 

ပိုင်တံခွန်ကို ထောင်ဒဏ် ၃ ချမှတ်လိုက်ပြီး နောက်တရက်မှာပဲ ထုတ်ပြန်လိုက်တဲ့ TC Candler နဲ့ အချောဆုံးမျက်နှာပိုင်ရှင် အယောက် ၁၀၀ စာရင်း ဗွီဒီယိုရဲ့ နံပါတ်တစ်နေရာမှာ ပိုင်တံခွန်ရဲ့ မော်ဒယ်ပုံရိပ်တွေနဲ့အတူ နိုင်ငံရေးအကျဉ်းသား ပိုင်တံခွန်ကို အမြန်ဆုံးလွှတ်ပေးပါ ဆိုတဲ့ တောင်းဆိုချက်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ 

တရုတ်နဲ့အာရှတလွှား ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မြန်မာမော်ဒယ် ပိုင်တံခွန်ဟာ TC Candler ရဲ့ ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင်းများ အယောက် ၁၀၀ စာရင်းမှာ ဒုတိယအကြိမ် ပါဝင်တာဖြစ်ပြီး အခုနှစ် ၂၀၂၁ မှာတော့ နံပါတ်တစ်အဖြစ် ရွေးချယ်ဖော်ပြခံရတာပါ။

4 weeks Ago

September 17, 2020

ကမ္ဘာ့နံပါတ်တစ် ဂျိုကိုဗစ်  အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်တက်

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ အီတလီအိုးပင်းပြိုင်ပွဲမှာ ပြိုင်ဘက် ကာယူဆိုကို အနိုင်ရခဲ့ပါတယ်။  ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ စည်းကြပ်ဒိုင်ရဲ့လည်ပင်းကို တင်းနစ် ဘောလုံး ထိမှန်စေခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတာပါ။  အဲဒီနောက် ပထမဆုံးပွဲစဉ်အဖြစ် အီတလီအိုးပင်ပြိုင်ပွဲ ဒုတိယအဆင့်မှာ ကာယူဆိုကို ၆-၃ ၆-၂ နဲ့ ၂ ပွဲပြတ်အနိုင်ရခဲ့တာပါ။  ပြိုင်ဘက် ကာယူဆိုက မြေစေးကွင်းမှာ အထူးကျွမ်းကျင်သူဖြစ်တာကြောင့် ခက်ခဲတဲ့ စိန်ခေါ်မှုနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ ဂျိုကိုဗစ်က ပြောပါတယ်။  ယူအက်စ်အိုးပင်းကနေ ထွက်ခဲ့ရပြီးနောက် ၁၀ ရက်ခန့် အချိန်ရခဲ့တာကြောင့် အခုပြိုင်ပွဲ အတွက် ပြင်ဆင်ချိန်ပိုရခဲ့တယ်လို့လည်း ဂျိုကိုဗစ်က ပြောပါတယ်။  ဂျိုကိုဗစ်ဟာ အီတလီအိုးပင်းပွဲစဉ် ၆၀ မှာ ၅၁ ပွဲအထိ အနိုင်ရရှိထားပြီး ရာဖေးလ်နဒဲလ်ပြီးရင်  ပြိုင်ပွဲရဲ့ ဒုတိယအအောင်မြင်ဆုံးကစားသမားဖြစ်ပါတယ်။  ဂျိုကိုဗစ်ဟာ တတိယအဆင့်မှာ တနိုင်ငံတည်းသား ခရာဂျန်နိုဗစ်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။  မြေစေးကွင်းဘုရင်လို့ တင်စားကြတဲ့ စပိန်တင်းနစ်သမား နာဒဲလ်ကတော့  ဒုတိယအဆင့်မှာ တစ်နိုင်ငံတည်းသား ကာရန်နိုဘက်စ်တာကို အနိုင်ရခဲ့ပါတယ်။
1 year Ago
Up